Chapter 37 (U+Z)

912 71 7
                                    

အခန်း (၃၇)

ဖဲလ်နီတစ်ယောက် ကောင်းခေတ္တရာ ဆီက ဖုန်းဝင်လာတော့ စိတ်ရှုပ်စွာဖြင့် ဖုန်းမကိုင်ဘဲ ချပစ်ဖို့ ကြံလိုက်မိသေးသည် ။
သို့သော် စိတ်ထဲ တစ်မျိုးကြီး ဖြစ်ကာ စိတ်ထင့်နေသောကြောင့်လားမသိ... ဖုန်းကို ကိုင်လိုက်မိသည် ။
သူ ဖုန်းကိုင်လိုက်တော့ တစ်ဖက်က အမျိုးသမီး အသံတစ်ခု ထွက်လာလေသည် ။

" ဟဲလို... ဒီဖုန်းပိုင်ရှင် ဒဏ်ရာရသွားလို့ ဆေးရုံရောက်နေလို့ပါရှင့်... ဒီဘက်က တစ်ယောက်က သူ့ contact list ထဲမှာ နောက်ဆုံး ခေါ်ထားတာ တွေ့လို့ ဆက်သွယ်ပေးတာပါ... "

ဖုန်းထဲက အသံကြောင့် ဖဲလ်နီတစ်ယောက် ထိတ်ထိတ်ပြာပြာ ဖြစ်သွားမိသည် ။
ကောင်းက ဒဏ်ရာ ရသွားတယ်တဲ့လား ။
ဆေးရုံကိုတောင် ရောက်သွားတယ်ဆိုတော့ စိုးရိမ်ရတာပေါ့ ။

" သူ... သူ ဘာဖြစ်တာလဲ ဟင်.... "

" ဓားထိုးခံရတာပါ... ဆေးရုံက xxxx ဆေးရုံပါ... "

သူ ကောင်း၏ အခြေအနေကို ဆက်မေးမလို့ ကြိုးစားနေစဥ်မှာပင် တစ်ဖက်က ထို သူနာပြုဆရာမလေးကိုလှမ်းခေါ်နေသော အသံ ကြားလိုက်ရသည် ။

" ဆရာမ... လူနာက အခြေအနေ မကောင်းဘူး... မြန်မြန်လေး လာပါဦး... "

" အဲ့တာဆို ဒါပဲနော်... ဆေးရုံကို အခုပဲ လိုက်ခဲ့ပါရှင့်.... "

တစ်ဖက်က ပြောပြီးသည်နှင့် လောလော လောလောနှင့် ဖုန်းချသွားလေသည် ။
အခြေအနေ မကောင်းဘူး ဆိုသော စကားကို ကြားသည်နှင့် ဖဲလ်နီတစ်ယောက် မျက်ရည်တွေကျနေပြီ ဖြစ်သည် ။
သို့နှင့်ပင် သူ့အသိထဲတွင် ရှိသော တစ်ယောက်ထဲသော ဆရာဝန် ဖြစ်သည့် ကိုလျှံ့ကို ဖုန်းဆက်ရတော့သည် ။

" ကိုလျှံရယ် ... ကောင်းက အခြေအနေ မသိရသေးဘူး... စိုးရိမ်ရတယ်ထင်တယ်... ကိုလျှံလည်း အားရင် ခဏလောက် ထွက်လာခဲ့ပေးပါလားဟင်... ဖဲလ်နီ တစ်ယောက်ထဲဆို ဘာလုပ်လို့ ဘာကိုင်ရမှန်း သိမှာ မဟုတ်ဘူး... "

" ကောင်းပြီ ဖဲလ်နီ... စိတ်အေးအေးထား... ကိုယ် ထွက်လာခဲ့ပေးမယ်... ပြီးတော့ အဲ့ဆေးရုံက ဆရာဝန်တွေမှာလည်း ကိုယ့်အသိတွေ အများကြီးရှိတယ်... စိတ်မပူနဲ့... ဟုတ်ပြီလား... "

The Little OmegaWhere stories live. Discover now