Chapter 24 (U+Z)

1K 87 10
                                    

အခန်း (၂၄)

အပြင်မှ ဆူဆူညံညံ အသံများကြောင့် ဦးစေညွှန်းရာ အိပ်ယာမှ နိုးလာခဲ့သည် ။
အခန်းအပြင်တွင် ဘာတွေ ဖြစ်နေကြမှန်းမသိ... ဆူညံနေလေသည် ။
ဖဲလ်နီ အသံကိုလည်း အခန်းထဲမှပင် ကြားနေရသည် ။
ဖဲလ်နီက တစ်စုံတစ်ယောက်ကို အကူအညီ တောင်းခံနေသည့် အသံမျိုးဖြစ်သည် ။

သူခိုးသူဝှက် တစ်ယောက်ယောက်နှင့်များ ထိတ်တိုက်တွေ့လေသလားဟု တွေးမိပြီး ဦးစေညွှန်းရာ ရင်ထိတ်သွားမိသည် ။
သို့နှင့်ပင် သူ အိပ်နေရာမှ အားယူ ထလိုက်ပြီး တံခါးဆီသို့ ကြိုးစားသွားကာ တံခါးကို ဖွင့်လိုက်ရလေသည် ။
တံခါးဖွင့်ပြီးနောက်တွင် မြင်လိုက်ရသော မြင်ကွင်းကြောင့် ဦးစေညွှန်းရာ တစ်ယောက် အံ့အားသင့်သွားရသည် ။

ဖဲလ်နီကို လူကြီးတစ်ယောက်က ဖက်ထားပြီး ဖဲလ်နီက ထိုသူ၏ လက်မှ အတင်း ရုန်းကန်ကာ ကယ်ကြပါဦးဟု အော်ဟစ်ဆူညံနေသည် ။
ထိုသူကလည်း ဖဲလ်နီကို မလွှတ်ပေးဘဲ အတင်းကာရော ဖက်ထားကာ သားလေးဟု အဆက်မပြတ်ခေါ်နေလေသည် ။
မဟုတ်မှလွဲရော ဖဲလ်နီရဲ့ အဖေအရင်းတွေ ဘာတွေများ ထပ်ပေါ်လာတာလာဟု သူ တွေးတောမိသွားသည် ။

" ခင်ဗျား ဘယ်သူလဲ.... ဘာလို့ ဖဲလ်နီကို အတင်းဆွဲဖက်ထားရတာလဲ... "

စေညွှန်းရာ ထိုသူ၏ မျက်နှာကို မမြင်ရသောကြောင့် အထဲမှနေ၍ မေးလိုက်ရသည် ။
ထိုသူက တံခါးဖွင့်လိုက်သည်ကို သတိထားမိသွားပုံရသည် ။
ထို့ကြောင့် ဖဲလ်နီကို လွှတ်ပေးလိုက်ပြီး သူ့ဘက်ကို လှည့်ကြည့်လာသည် ။
ထိုသူ၏ မျက်နှာကို မြင်လိုက်ရလေသည်နှင့် ဦးစေညွှန်းရာ ဘာမှမဆိုနိုင်တော့ဘဲ ကြက်သေ သေသွားရလေသည် ။

" ခင်ဗျား... ခင်ဗျား  ... "

ထိုနေရာမှဆက်၍ သူ ဘာမှ မပြောနိုင်တော့ဘဲ ဦးကောင်းမြတ်မောင် ၏ မျက်နှာကို ကြည့်ကာ ဆွံ့အနေရလေတော့သည် ။
နှစ်တွေ ဘယ်လောက်ကြာကြာ သူ မမေ့နိုင်သော မျက်နှာတစ်ခု ။
ထိုမျက်နှာကို သူ တစ်သက်လုံးလည်း မေ့နိုင်လိမ့်မည်မဟုတ် ။
အလွန်အမင်းလည်း ချစ်ခဲ့ရသလို အလွန်အမင်းလည်း မုန်းတီးခဲ့ရသောသူ ။

The Little OmegaWhere stories live. Discover now