Chapter 21 (U+Z)

1K 90 5
                                    

အခန်း (၂၁)

" ခင်ဗျား... ခင်ဗျား ကျွန်တော့်ကို ရိုက်တယ်... ဟုတ်လား ... ကျွန်တော့်ကို ကျွန်တော့်အဖေတောင် ရိုက်ဖူးတာ မဟုတ်ဘူးဗျ ... "

ကောင်းခေတ္တရာ က သူ့ပါးကို သူပွတ်ပြီး ရုတ်တရက် အနိုင်ကျင့်ခံလိုက်ရသော ကလေးတစ်ယောက်လို မျက်နှာကြီးကို ရှုံ့မဲ့ကာ နေနေလေတော့သည် ။
ဖဲလ်နီလည်း ရိုက်မိသွားပြီးမှ မိမိဘက်က လိုတာထက် ပို၍ လုပ်မိသွားကြောင်း သူ့လုပ်ရပ်ကို သူ သတိပြန်ရသွားမိသည် ။

အမှန်ဆိုလျှင် သူ ဒီရက်ပိုင်း လွန်း ကိစ္စကြောင့် စိတ်ဖိစီးမှုတွေ များနေခဲ့သည် ။
လွန်းက သူ့အတွက်ဆိုလျှင် သူငယ်ချင်း ဆိုတာထက် သွေးရင်းသားရင်း မောင်နှမတစ်ယောက်လို ဖြစ်သည် ။
ထို့အတွက် လွန်းကြောင့် စိတ်ဖိစီးနေသော သူ့ကို ကောင်း က စော်ကားသည့် စကားတို့ ဆိုလာလေသောအခါ သူ စိတ်မထိန်းနိုင်ဘဲ ရိုက်မိလိုက်ခြင်းသာ ဖြစ်လေသည် ။

ဒါပေမယ့်လည်း ဘာပဲပြောပြော ငါ မလွန်ပါဘူးလေ... နော် ။
အစထဲက အရိုက်မခံချင်ရင် အရိုက်ခံရမယ့် စကားမျိုးကို ငါ့ လာမပြောနဲ့ပေါ့... မဟုတ်ဘူးလား... ။
သူ့အဖေကကော ဒီလို သားမျိုးကို တစ်ခါမှ မရိုက်ဖူးဘူးတဲ့လား ။
ငါသာ သူ့အဖေဆိုရင် ဒီကောင်လေး ခဏခဏ အရိုက်ခံရမှာ သေချာတယ် ။

" ခင်ဗျား... ခင်ဗျား... လုပ်ရက်တယ်... "

ကောင်းက သူ့ကို ကလေးတစ်ယောက်လို ဆောက်တည်ရာမရ လက်ညှိုးထိုးပြီးနောက် သူ့အရှေ့က ချက်ချင်းပင် လှည့်ကာ ထွက်သွားလေတော့သည် ။
ဖဲလ်နီက ထိုကောင်လေးကို နာသွားလားဟု မေးမလို့ ကြံလိုက်ချိန်တွင် ထိုကောင်လေးက သူ့အနားမှာ မရှိတော့ချေ ။
တစ်ဖက်ကို ထွက်သွားနှင့်ပြီ ဖြစ်သည် ။

" ကိုလျှံ.... ဆောရီးနော် ... သူ ပြောတဲ့စကားတွေက ကိုလျှံ့ကို စော်ကားသလို ဖြစ်သွားတယ်ဆိုရင် ကျွန်တော်ကပဲ ကြားထဲကနေ သူ့ကိုယ်စား တောင်းပန်ပါတယ်... "

သူ ကိုလျှံ့ကို အားတုံ့အားနာ ကြည့်ကာ ဆိုလိုက်မိသည် ။
သို့သော် ကိုလျှံ့ကို ကြည့်လိုက်တော့ စိတ်ဆိုးသည့်ပုံ မပြချေ ။
ထိုအစား မျက်နှာကပင် ပြုံးရွှင်ကြည်၍ နေလေတော့သည် ။

The Little OmegaWhere stories live. Discover now