Chapter 19 (U+Z)

1K 86 8
                                    

အခန်း (၁၉)

လျှံသုဉ်းသျှံ စဉ်းစားရကျပ်သွားမိသည် ။
ဒီလိုကိစ္စမျိုးက သူ ဆုံးဖြတ်၍ရသော ကိစ္စမျိုး မဟုတ် ။
ဥပဒေအရဆိုလျှင် ကာယကံရှင် အလုပ်ရှင်ဘက်မှသာ ဆုံးဖြတ်ခွင့် ရှိလေသော အရာဖြစ်သည် ။
ဆရာဝန်က အလုပ်ရှင်ဘက်မှ ဆုံးဖြတ်သမျှကို လုပ်ပေးရန်သာဖြစ်ပြီး ဘာမှ ဝင်ရောက်စွက်ဖက်ခွင့် မရှိပါချေ ။

" အဲ့... အဲ့တာက ကျွန်တော် ဆုံးဖြတ်လို့ရတဲ့ ကိစ္စ မဟုတ် ... "

သူ ပြောနေရင်းနှင့် ထိုကောင်လေး၏ မျက်နှာကို ငုံ့ကြည့်မိတော့ သူ ပြောရမည့် စကားတို့ပင် ဆွံ့အသွားရလေသည် ။
Omega လေး တစ်ယောက်၏ မျက်ရည်လည်ရွဲ အသနားခံ တောင်းပန်မှုကို သူ့လို ဆရာဝန် တစ်ယောက်က ဘယ်လိုစိတ်မျိုးနဲ့ ငြင်းဆိုနိုင်မှာတဲ့လဲ... ။

" ကယ်ပါ ဆရာရယ်... အခုအချိန်မှာ ကျွန်တော့်ကို ကယ်တင်နိုင်မယ့်သူက ဆရာတစ်ယောက်ပဲ ရှိတော့မှာ မို့လို့ပါ... "

" ကျွန်တော် မကူညီချင်လို့တော့ မဟုတ်ပါဘူး စေလွန်းရာရယ်... ဒါပေမယ့်  ... "

သူ ထိုကောင်လေးကို နောက်တစ်ခါ ထပ်ကြည့်မိသည် ။
ငိုနေပုံလေးက အတော်လေး ရိုးသားဖြူစင်ပြီး သနားစရာကောင်းလွန်းလှနေသည် ။
သူ ထပ်ငြင်းဆိုမည့် စကားတို့ကို ဘယ်လိုဆိုရမည်မှန်း မသိတော့ပေ ။

" ကျွန်တော့် ဗိုက်ထဲက ကလေးလေးသာ အသက်ရှင်မယ်ဆိုရင် ကျွန်တော် တခြား ဘာကိုမှ မလိုချင်တော့ပါဘူး ဆရာ... "

ဟ... အဲ့လောက်အထိ ငါ့ရင်ကို ပစ်ကြွေစေမယ့် စကားလုံးတွေပဲ ရွေးပြီး မပြောနဲ့လေ ။
ငါ့လို နှလုံးသားလှတဲ့ သားဖွား အထူးကု ဆရာဝန်လေးက ဘယ်လိုလုပ် တောင့်ခံနိုင်ပါတော့မလဲ ။
သူ ဆက်မငြင်းတော့မှန်းသိတော့ ကောင်လေး၏ မျက်နှာက အနည်းငယ် အရောင်လက်လာလေသည် ။

" ကောင်းပြီလေ... ကျွန်တော် စေလွန်းရာကို ကူညီပါ့မယ်.... "

နောက်ဆုံးတော့ လျှံသုဉ်းသျှံ ဥပဒေတွေ ဘာတွေကိုလည်း ဂရုစိုက်မနေတော့ ။
ဆရာဝန်အလုပ်ဆိုတာ လူ့အသက်ကို ကယ်ရတဲ့ အလုပ်ပဲ မဟုတ်လား ။
သူကလည်း အခု လူ့အသက်ကို ကယ်တင်ဖို့အတွက် ဆုံးဖြတ်လိုက်တာပဲလေ ။

The Little OmegaWhere stories live. Discover now