Chapter 26 (U+Z)

1K 82 4
                                    

အခန်း (၂၆)

ဦးစေညွှန်းရာ စျေးဝယ်ဖို့ ထွက်လာတော့ အနောက်က တစ်ယောက်ယောက် ပါလာသည့် ခံစားချက်တစ်ခုကို ရလိုက်သည် ။
ထိုသူက သူ လမ်းလျှောက်လျှင် လိုက်လျှောက်ပြီး သူ ရပ်လိုက်လျှင် လိုက်ရပ်ပြန်သည်ကို ခြေသံများအား နားထောင်၍ သိနေရသည် ။
ဦးစေညွှန်းရာ ခြေလှမ်းကို ခပ်သွက်သွက် မပြေးရုံတမယ် လျှောက်လိုက်တော့ ထိုသူကလည်း အတင်း ပြေးလိုက်သည် ။
သူက ပြေးနေရာမှ ရုတ်တရက် ရပ်ပစ်လိုက်တော့ အနောက်က လူက အရှိန်မထိန်းနိုင်ဘဲ သူ့ကျောကို ခေါင်းနှင့် ဝင်ဆောင့်လေသည် ။

" အ... "

အနောက်က လူက အော်ဟစ် ညည်းတွားလိုက်လေသည် ။
ဦးစေညွှန်းရာ အနောက်ကို အလျင်အမြန် လှည့်ကြည့်လိုက်တော့ သူ့အနောက်က တောက်လျှောက်ပါလာလေသော ဦးကောင်းမြတ်မောင် ကို တွေ့လိုက်ရသည် ။
ကောင်းမြတ်မောင် က မျက်မှန်အမည်းကြီးကို တပ်ထားပြီး မျက်နှာကိုလည်း Maskဖြင့် အုပ်ထားလိုက်သေးသည် ။

ဦးကောင်းမြတ်မောင် ရုတ်တရက်မို့ လန့်ဖျတ်သွားမိသည် ။
ဒါပေမယ့်လည်း ညွှန်းက ငါ့ကို သိလောက်မှာ မဟုတ်ပါဘူး ။
ဘာလို့လဲ ဆိုတော့ ငါက ဒီနေ့ သူမသိအောင် ရုပ်ဖျက်လာတာကိုး... ဟားဟား ။
ဦးကောင်းမြတ်မောင် သူ့အတွေးနှင့်သူ သဘောကျသွားပြီး ရုပ်ဖျက်ဖို့ သူ့ကို အကြံပေးခဲ့သော သူ့သား ကောင်းခေတ္တရာ ကိုလည်း ကျေးဇူးတင်မိသွားရသည် ။
ငါ့သားလေးက ဒီလို အရေးပေါ် အခြေအနေတွေကို ကြိုတင်တွက်ဆထားနိုင်ခဲ့တာပဲကွ... မဆိုးဘူး ။

" ဦးကောင်းမြတ်မောင်... ကျွန်တော့်အနောက်ကနေ ထပ်မလိုက်ပါနဲ့တော့... "

တစ်ဖက်က ပြောလိုက်သော သူ့နာမည်ခေါ်သံ ပီပီသသကြီးကြောင့် ဦးကောင်းမြတ်မောင် တစ်ယောက် မျက်နှာကြီး အီးမှန်သလို မျက်နှာပျက်သွားရလေတော့သည် ။
နေစမ်းပါဦး... ငါက မျက်မှန်ကော Mask ကော တပ်ထားတာလေ... ။
ငါက သေသေချာချာ ရုပ်ဖျက်လာခဲ့တာလေကွာ ။
အဲ့တာကိုညွှန်းက မှတ်မိနေတာတဲ့လား ။

" အဟမ်း အဟမ်း... ဘယ်က ဦးကောင်းမြတ်မောင် လဲဗျ... ခင်ဗျား ကြည့်ရတာ လူမှားနေတာနဲ့တူတယ်... အဟဲဟဲ... "

The Little OmegaWhere stories live. Discover now