Chapter 18(U+Z)

976 88 10
                                    

အခန်း (၁၈)

စီနီယာ့စကားကြောင့် စေလွန်းရာ အံ့သြကာ ဆွံ့အသွားရသည် ။
အခု စီနီယာ ပြောလိုက်တာ ဘယ်လိုစကားပါလိမ့် ။
တကယ်ပဲ သူ့ကို ကိုယ်ဝန်ဖျက်ချဖို့ ပြောလာတာတဲ့လား ။
စေလွန်းရာ မယုံနိုင်စွာပင် စီနီယာ့ကို ကြည့်နေမိသည် ။

" စီနီယာ... စီနီယာ ပြောချင်တဲ့ အဓိပ္ပါယ်ကို ကျွန်တော် နားမလည်ဘူး... "

သူ ပြောလိုက်တော့ စီနီယာက သူ့ကို စိတ်မကောင်းသလို ကြည့်လာပြီး ပြန်ပြောလာသည် ။

" ကိုယ်နဲ့ ကိုယ့်ပါတနာက အခု လမ်းခွဲလိုက်ကြပြီ စေလွန်း...  ကိုယ်လည်း ဒီလို စကားကို ပြောရမှာ စိတ်မကောင်းပါဘူး ... ဒါပေမယ့် ဒီကလေးကို ကိုယ် တစ်ယောက်ထဲ ပြုစု စောင့်ရှောက်ဖို့ ကိုယ့်မှာ ယုံကြည်ချက် မရှိတော့ဘူး... အဲ့တာကြောင့် ကိုယ် စေလွန်းကို ကိုယ်ဝန်ဖျက်ချပေးပါလို့ တောင်းဆိုရတာပဲ... "

စီနီယာ့ စကားတွေက အညှာအတာမဲ့စွာ စူးရှလျက် သူ့ရင်ထဲ ဝင်သွားလေသည် ။

ဟင့်အင်း.. သူ မဖျက်ချရက်ပါဘူး ။
ဒီကလေးလေးက အခုမှ သူ့ဝမ်းမှာ စပြီး စွဲကပ်ကာစ ကလေးလေးလေ ။
သူ့မှာ ကိုးလပဲ လွယ်ပြီး သူများကို ပေးပစ်ရမှာကိုတောင် အခုကတည်းက ကြိုတွေးပြီး နှမျောတသ ရင်နာနေခဲ့ရတာလေ ။
အဲ့တာကို သူက ဒီကလေးကို ဘယ်လိုလုပ်ပြီးတော့များ ဖျက်ချနိုင်မှာတဲ့လဲ ။

" ဟင့်အင်း... ကျွန်တော် ဖျက်မချနိုင်ဘူး စီနီယာ... "

သူ အလျင်အမြန်ပင် တုန့်ပြန်ပြောဆိုလိုက်သည် ။
ဒီကလေးကို သူ ဘယ်လိုစိတ်နဲ့များ ဖျက်ချရက်မှာလဲ ။
မနက်ကတောင်မှ သူ့ဝမ်းဗိုက်ထဲက ကလေးလေးအကြောင်းတွေကို သူ တွေးပြီး ပျော်ရွှင်နေခဲ့ရသေးသည်လေ ။

ကလေးလေး မွေးလာလျှင် သူ ထွက်ခွာပေးရမည်ကို သိသော်လည်း ကလေးအတွက် သူ သိုးမွှေးဦးထုပ်ကလေးကိုတောင် ကြိုပြီး သိုးမွှေးထိုးပေးနေခဲ့တာလေ ။
အဲ့လောက်အထိ သူ့ရင်ထဲမှာ မြတ်နိုးရလို့ စီနီယာတို့ စုံတွဲကို ပေးမည်ဆိုလျှင်တောင် ရင်ကွဲရမည်ဖြစ်သော ဒီကလေးလေးကို သူက ဖျက်ချရမည်တဲ့လား.... ။

The Little OmegaWhere stories live. Discover now