Chapter 6 (U+Z)

1K 87 8
                                    

အခန်း (၆)

" တကယ်လို့ Mမြို့ကို အလုပ်ကိစ္စ ခရီးသွားမယ်ဆိုရင် စေလွန်းရာ ကျွန်တော်နဲ့ အတူတူ လိုက်ခဲ့လို့ရမလား... "

စီနီယာနှင့် သူ သိကျွမ်းတာ တစ်လနီးပါး ရှိချိန်မှာတော့ စီနီယာက သူ့ကို အလုပ်ခရီး တူတူသွားဖို့ ပြောလာခဲ့သည် ။

" CEO အဆင်ပြေရင် ကျွန်တော်က ရပါတယ်... "

အလုပ်ချိန် ပြင်ပတွင် သူက စီနီယာဟု ခေါ်တတ်သော်လည်း အလုပ်ထဲတွင်မူ CEO ဟုသာ လေးစားသမှုနှင့် ခေါ်တတ်သည် ။

" အင်း... M မြို့က ကုမ္ပဏီနဲ့ စာချုပ်တစ်ခု ချုပ်ဖို့ပါပဲ... စာချုပ်ချုပ်ရုံပဲဆိုတော့ လူလည်း များများ မလိုဘူး... ကိုယ်တို့ နှစ်ယောက်ထဲ သွားရင်ကို ရနေပါပြီ... "

အာ... ခရီးက နှစ်ယောက်ထဲ သွားရမည့် ခရီးတဲ့လား ။
စေလွန်းရာ ပို၍ပင် ရင်ခုန်စိတ်လှုပ်ရှားသွားမိရသည် ။
နှစ်ယောက်ထဲ ခရီးသွားရမည်ဆိုသည်ကို သူ အိပ်မက်ပင် မမက်ဖူးခဲ့ ။

ဒါပေမယ့် လည်း အခုတောင်မှ တစ်ခါမှ အိပ်မက် မမက်ဖူးခဲ့တဲ့ နှစ်ယောက် တူတူ နေ့လည်စာ စားတာကို နေ့တိုင်း လုပ်ဖြစ်နေတယ်မဟုတ်လား ။

" ဟုတ်... ဟုတ် စီနီယာ... အဆင်ပြေပါတယ်... "

" ရော့... စေလွန်းရာက ဒီကချက်တဲ့ ကြက်သားအစပ်ချက်ကို ကြိုက်တယ်မလား... များများထည့်စား... "

စီနီယာက ပြောပြောဆိုဆို နှင့် ပန်းကန်ထဲက ကြက်သားဖတ်တွေကို သူ့ထဲ ထည့်လာပေးသည် ။
အာ... ။ ဤကဲ့သို့သော ဂရုစိုက်မှု သေးသေးလေးတွေကိုကအစ သူ ကြွေကျရပါသည် ။

" ရ... ရပါတယ်... စီနီယာလည်း စားပါ... "

တစ်ဖက်ခုံတွင် ထိုင်နေသော ဖဲလ်နီကတော့ သူနှင့် စီနီယာကို တိတ်တိတ်လေး လှမ်းအကဲခတ်ရင်း ပိုကို ပိုလွန်းသည် ဟူသည့် အမူအရာနှင့် နှာခေါင်းရှုံ့ပြလိုက်လေသည် ။

**********

" အဲ့တော့ ပြောပါဦး... ခရီးတောင် တူတူထွက်ကြတော့မှာပေါ့... "

ဖဲလ်နီက အလုပ်ထဲ ရောက်သည်နှင့် သူ့အနား တိုးကပ်ရင်း စပ်စုလာသည် ။

The Little OmegaWhere stories live. Discover now