Chapter 31 (U+Z)

1K 71 18
                                    

အခန်း ( ၃၁ )

ဖဲလ်နီ မနက်အစောကြီး ဖုန်းဝင်လာသောကြောင့် အိပ်ချင်မူးတူးနှင့် ကြည့်လိုက်တော့ သူ့ ယောက်ခမလောင်းကြီး ဆက်လာသောဖုန်း ဖြစ်နေသည် ။
ပုံမှန်ဆိုလျှင် ဒီအချိန် ဖုန်းဆက်လာသောသူကို ဖဲလ်နီ သူ့အား အိပ်ရေး ဖျက်ရကောင်းလားဟု ဆဲဆိုပြီး ဖုန်းချလိုက်မည် ဖြစ်သော်လည်း ယခုတော့ အဖြစ်က မတူချေ ။
ဘာပဲဖြစ်ဖြစ် ယောက်ခမလောင်းကြီး က ကျပ်မပြည့်ချင်ဘူး ဆိုသော်လည်း သူ့ဘက်ကတော့ ချွေးမအလိမ္မာလေး အနေနှင့် လေးစားရမည် ဖြစ်သောကြောင့် ဖဲလ်နီ ဖုန်းကို စိတ်မပါလက်မပါနှင့် ကိုင်လိုက်ရသည် ။

" ဟယ်လို ... သားလေး ဖဲလ်နီလား... ဒယ်ဒီ ဆက်တာပါ... "

" ဟုတ်ကဲ့ ဒယ်ဒီ... ပြောလေ... "

" ဟဲဟဲ... ဒယ်ဒီ အခု ဘယ်ကို သွားနေတယ်လို့ ထင်လဲ... "

ဦးလေး ဘာသာ ဘယ်သွားသွား အဲ့တာ ဦးလေး အကြောင်းပဲလေ... ကျွန်တော်နဲ့ ဘာဆိုင်လို့လဲ ။
ပြီးတော့လည်း ဒီလို မနက်အစောကြီးကို ဖုန်း ဆက်ရလား ။
ဖဲလ်နီဆိုတာ အိပ်ရေးကို မက်လွန်းလို့ အိပ်ယာနိုးတာနဲ့ ရုံးတန်းသွားပြီး ရုံးရောက်မှ မျက်နှာသစ် သွားတိုက် ခေါင်းလျှော်တဲ့လူပါနော် ။
သူ့စိတ်ထဲက ထိုသို့ ပြောလိုက်ချင်သော်လည်း သူ့စိတ်ကို သူ ပြန်ထိန်းလိုက်ပြီး သိချင်စိတ် ပြင်းပြနေသော လေသံလေးနှင့် ပြန်မေးလိုက်ရသည် ။

" ဟင့်အင်း... မသိဘူး... ဒယ်ဒီ... ဘယ်သွားနေတာလဲဟင် .... ပြောပြလေ... "

" ဟဲဟဲ... တခြားတော့ မဟုတ်ပါဘူးကွာ... ခု ဒယ်ဒီက ညွှန်းရဲ့ အိမ်ကို သွားနေတာ... ညွှန်း အတွက် ဒယ်ဒီ မနက်စာ ကိုယ်တိုင် ချက်ထားတာလေ... အဲ့တာ သွားပေးမလို့... "

" ဟင်... ကိုယ်တိုင်ချက်တယ်... ပြီးတော့ သွားပေးမယ်... ဟုတ်လား... "

ဖဲလ်နီ အံ့သြတကြီး အော်ဟစ်မေးလိုက်မိသည် ။
ဦးကောင်းမြတ်မောင် က သူချက်ထားတဲ့ဟာတွေကို လူစားတဲ့ အစားအစာတွေလို့ တကယ်ကြီး ထင်နေတာတော့ မဟုတ်ပါဘူးနော် ။
ဒီလောက် အရသာဆိုးပြီး သူကိုယ်တိုင်တောင် မစားနိုင်လို့ သွန်သွန်ပစ်နေရတဲ့ ဟင်းတွေကိုလေ ။

The Little OmegaWhere stories live. Discover now