Chapter 8 (U+Z)

868 77 4
                                    

အခန်း (၈)

နောက်တစ်နေ့ မနက်ရောက်တော့ စေလွန်းရာ တစ်ယောက် အိပ်ရေးမဝတဝနှင့်ပင် အစောကြီး နိုးလာရပြီး တောင်တက်ဖို့အတွက် ပြင်ဆင်ရတော့သည် ။

တကယ်ပဲ တောင်တက်ရင်း မူးလာတယ်လို့ ဖဲလ်နီ သင်ပေးသလို ပြောလိုက်ပြီး စီနီယာ့ ပုခုံးကို မှီချလိုက်ရရင် ကောင်မလား ။
မဖြစ်သေးပါဘူးလေ... ငါ့ပုံစံက အဲ့လို ချွဲနွဲ့တာမျိုးနဲ့ လိုက်ဖက်တဲ့ပုံမှ မဟုတ်တာပဲ ။

စီနီယာက သူ့ကို ၆နာရီ အဆင်သင့် ပြင်ခိုင်းထားသောကြောင့် ၆နာရီ ထိုးဖို့ ငါးမိနစ်အလိုလောက်၌ပင် သူ အဆင်သင့်ဖြစ်နေခဲ့လေပြီ ။
ခဏနေတော့ စီနီယာက သူ့အခန်းတံခါးကို ခေါက်လာသည် ။

" လာပြီ စီနီယာ... "

သူ တောင်တက်ဖို့ ပစ္စည်းတွေ အားလုံး လက်ဆွဲအိတ်နှင့် ထည့်လာပြီး အခန်းအပြင်ကို ထွက်လာလိုက်သည် ။
စီနီယာက သူ့ကို တွေ့တွေ့ချင်း ပြုံးပြပြီး နှုတ်ဆက်လာသည် ။

" မောနင်း စေလွန်း... "

" ဟုတ်ကဲ့ စီနီယာ... မောနင်း... "

ထိုကောင်လေးက အနွေးထည်ခပ်ထူထူလေးကို သူ့ကိုယ်လုံး သေးသေးလေးနှင့် ဝတ်ထားပုံမှာ ရယ်ချင်စရာကောင်းလှသည်ဟုပင် ရှိန်ထည်ဝါ တွေးလိုက်မိသည် ။

ဒီကောင်လေးနှင့် အတူရှိနေသော သုံးရက်လုံးတွင် သူ စိတ်အေးချမ်းရသည်ကတော့ အမှန်ပင် ဖြစ်သည် ။
သူ့စကားကို နားထောင်ကာ သူ့ကိုဆိုလျှင် တစ်ခွန်းမှ ကလန်ကဆန် မပြောဘဲ ရိုရိုကျိုးကျိုးရှိတတ်သော ထိုကောင်လေး ပုံစံက တကယ့်ကို ရိုးသားဖြူစင်သော ကလေးငယ်လေးလိုပင် ။

သူ ထိုကောင်လေးကို မြင်တော့ ညက သိုက်လင်းထျန် ကို ဖုန်းဆက်လိုက်ရသည်ကို သတိရလိုက်မိသည် ။
သူ ဖုန်းဆက်တော့ သိုက်၏ ဖုန်းကို အခြားယောကျ်ားတစ်ယောက်က လာကိုင်လာခဲ့သည် ။
Alpha ဓာတ်များ ပြင်းထန်နေသော ယောကျ်ားတစ်ယောက်၏ အသံက ဖုန်းထဲ၌ပင် ထောင့်မကျိုးဘဲ တင်တင်စီးစီး ရှိနေခဲ့သည် ။

" သိုက်လင်းထျန် အရက်မူးနေလို့ စကားမပြောနိုင်သေးဘူး... ကျွန်တော်က သူ့သူငယ်ချင်း ပါ... ဘာပြောထားပေးရမလဲ... "

The Little OmegaWhere stories live. Discover now