Chapter 17(U+Z)

945 87 25
                                    

အခန်း (၁၇)

အနီးအနားက လူတစ်ယောက်က တွေ့ရှိခဲ့ပြီး ဆေးရုံသို့ ခေါ်သွားပေးခဲ့သောကြောင့်သာ စေလွန်းရာ အသက်ရှင်ခွင့် ရခဲ့သည် ။
သို့သော်လည်း သူ့ဗိုက်တွင်မူ ဓားထိုးရာကြောင့် သေရာပါ အမာရွတ်တစ်ခု ရခဲ့လေသည် ။

ထိုအချိန်မှစ၍ သိုက်လင်းထျန် သည် သူ့ကိုယ်သူ စေလွန်းရာ၏ နေရာကို ဝင်ယူခဲ့သည် ။
သူက ရှိန်ထည်ဝါ ကို ကယ်ဆယ်ခဲ့သူ ဖြစ်ပါသည်ဟု ဆိုကာ ကယ်တင်ရှင်နေရာကို ဝင်ယူခဲ့သည် ။

" အဲ့နေ့က သိုက်လင်းထျန် ကျွန်တော့်ကို ကယ်ခဲ့တုန်းက တွေ့လိုက်ရတဲ့ သစ်တောက်ငှက်ပုံသော့ချိတ်ကလေးက သိုက်လင်းထျန် ရဲ့ သော့ချိတ်လေးလား... ကျွန်တော် သတိမလစ်ခင် မှတ်မိတာဆိုလို့ အဲ့တစ်ခုပဲ ရှိတော့လို့ပါ... "

ကံကောင်းစွာဖြင့် ရှိန်ထည်ဝါ က အတိတ်တစ်ချို့ကို ကြောက်လန့်စိတ်ကြောင့် မေ့သွားခဲ့သည် ။
ထို့အတွက်ကြောင့် သိုက်လင်းထျန် တစ်ယောက် လိမ်လည်ကာ နေရာဝင်ယူဖို့ ပိုမို၍ လွယ်ကူခဲ့ရလေသည် ။
သို့သော်လည်း ရှိန်ထည်ဝါ က သော့ချိတ်ကို မှတ်မိနေခဲ့သေးသည် ။

ထို့ကြောင့် သိုက်လင်းထျန် တစ်ယောက် ထိုနေရာကို တစ်ခါ ပြန်သွားကာ သော့ချိတ်ကလေးကို ရှာခဲ့သည် ။
ကံကောင်းစွာပင် စေလွန်းရာက သော့ချိတ်ကို ထိုဂိုထောင်ထဲ၌ပင် ကျကျန်ခဲ့သည် ။
သော့ချိတ်ကို မြင်သောအခါမှ ရှိန်ထည်ဝါ သည် သူ့ကို ကယ်တင်ခဲ့သူက သိုက်လင်းထျန် ဟု လုံးဝ ယုံကြည်လက်ခံသွားခဲ့လေသည် ။

" ဒါနဲ့ သိုက်လင်းထျန် ကျွန်တော့်ကို ကယ်ခဲ့တုန်းက ဓားဒဏ်ရာ ရခဲ့တယ် မဟုတ်လား... "

" ဟင့်အင်း... မရခဲ့ပါဘူး... "

" ဒါပေမယ့် ကျွန်တော် သတိလစ်မသွားခင်မှာ သိုက်လင်းထျန် ဗိုက်ကို ဓားစိုက်ဝင်သွားတာ တွေ့ခဲ့ရတယ်...  မဟုတ်ဘူးလား... "

" အဲ့... အဲ့တာက ရှပ်ထိသွားတာပါ... ကျွန်တော် အရှောင်မြန်လိုက်လို့ ဓားက အသားကို သေသေချာချာ မထိုးမိသွားခဲ့ဘူး... "

ရှိန်ထည်ဝါ ၏ ဦးခေါင်းဒဏ်ရာကို ဆက်လက်ခွဲစိတ်ကုသရန် နိုင်ငံခြားသို့ ထွက်ဖို့ လိုအပ်လာခဲ့သည် ။
ရှိန်ထည်ဝါ ဆေးရုံ စတက်ကတည်းက ဘေးတွင် ရှိနေခဲ့သော သိုက်လင်းထျန် သည် ရှိန်ထည်ဝါ နိုင်ငံခြားတွင် ဆေးသွားကုတော့လည်း အတူတူ လိုက်သွားခဲ့သည် ။

The Little OmegaWhere stories live. Discover now