Chapter 5 (U+Z)

1.3K 103 19
                                    

အခန်း (၅)

ရှိန်ထည်ဝါ တစ်ယောက် အိမ်ကို ပြန်လာတော့ ထင်သည့်အတိုင်းပင် သိုက်လင်းထျန်က အိမ်တွင် ရှိမနေပေ ။
သိုက် က ဒီနေ့ သူ့သူငယ်ချင်း တစ်ယောက်နှင့် သွားတွေ့မည်ဟု သူ့ကို ညကတော့ ပြောခဲ့သည်ထင်သည် ။

သူ ဆိုဖာပေါ်တွင် စိတ်ပျက်လက်ပျက် သာ ထိုင်ချလိုက်သည် ။
သူနှင့် သိုက်လင်းထျန် ကြားက ဆက်ဆံရေးသည် အေးတိအေးစက်နှင့် ဖြစ်နေခဲ့သည်မှာ တစ်နှစ်လောက်ပင် ကြာတော့မည် ။

သူ့ဘက်က အစွမ်းကုန် ကြိုးစားပေးသော်လည်း သိုက် က သူ့ကိုဆိုလျှင် အကောင်းမမြင်ပေးတော့သည်မှာ ကြာခဲ့ပြီဖြစ်သည် ။

သိုက်လင်းထျန် က သူ့ချစ်သူ ဖြစ်သည် ။
သူတို့ ချစ်သူသက်တမ်းက ၆နှစ်နီးပါး ရှိလေတော့မည် ဖြစ်ပြီး ဤ ခြောက်နှစ်ဟူသော အချိန်အတွင်း သူတို့ ဆက်ဆံရေးသည် ယခင်ကလောက် နွေးထွေးမှု မရှိတော့ဘဲ လျော့ရဲလာခဲ့သည် ။

သူ့ချစ်သူ သိုက်လင်းထျန် က Beta တစ်ယောက် ဖြစ်သောကြောင့် သူတို့နှစ်ယောက်တွင် သားသမီး ရလာနိုင်မည် မဟုတ်ပါပေ ။

တစ်ခါကတော့ သိုက် က သူ့ကို ပြောဖူးသည် ။
သူတို့နှစ်ယောက်တွင် သားလေး သို့မဟုတ် သမီးလေး တစ်ယောက်သာ ရှိခဲ့မည်ဆိုလျှင် သူတို့ ဘဝလေးက ပိုမိုပြည့်စုံပေလိမ့်မည် ဟူ၍ပင် ။

ထိုစကားကို သိုက် က အမှတ်တမဲ့ ပြောခဲ့ခြင်း ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း ရှိန်ထည်ဝါ ကတော့ ထိုအကြောင်းကို အမြဲတမ်း စဥ်းစားဖြစ်ခဲ့သည် ။

တကယ်လည်း သိုက်လင်းထျန် ပြောသည်က မမှားပါပေ ။
အိမ်ထောင်တစ်ခုလို နေထိုင်ကြမည်ဆိုပါက သားသမီးဆိုသည်မှာလည်း မရှိမဖြစ် အရာတစ်ခုပင် မဟုတ်လား ။

ထို့ကြောင့်ပင် သူ ထို ရိုးသားသော စေလွန်းရာ ဆိုသည့် Omega လေးကို မျက်စိကျခဲ့ခြင်းဖြစ်သည် ။

ထို Omega လေးက Pheromone အဆင့်အတန်း မြင့်မားသည့်အပြင် Virgin တစ်ယောက်လည်း ဖြစ်နေခဲ့သေးသည် ။
ထို့ကြောင့် ထို Omega လေးသည် သူနှင့် သိုက် တို့အတွက် အငှား ကိုယ်ဝန်ဆောင် ဖြစ်လာဖို့ အသင့်တော်ဆုံးပင် ဖြစ်လေသည် ။

The Little OmegaWhere stories live. Discover now