Chapter 25 (U+Z)

1K 87 22
                                    

အခန်း (၂၅)

စေလွန်းရာ ကြည့်လိုက်တော့ စီနီယာက ထိုကောင်လေးကို မီးဝင်းဝင်းတောက်နေသော Alpha အရှိန်အဝါများ ထုတ်လွှတ်လျက် ကြည့်နေသည်ကို တွေ့နေရသည် ။
ထို ကောင်လေးက လူပျိုပေါက်ကလေးမို့ ဂျစ်တစ်တစ်နိုင်လှစွာပင် စီနီယာကို မထီတရီ ပြန်ကြည့်လိုက်သည် ။
ထို့နောက်တွင် စေလွန်းရာ၏ လက်ကို မလွှတ်သေးဘဲ ရှိန်ထည်ဝါ ကို မိုက်ကြည့်ကြည့်ကာ ပြန်ပြောလိုက်သည် ။

" ခင်ဗျားက ဘယ်သူလဲ.... ခင်ဗျားနဲ ဘာဆိုင်လို့ လာဝင်ရှုပ်နေရတာလဲ... မလွှတ်နိုင်ဘူးဗျာ... ကဲ... ဘာဖြစ်သလဲ... "

" ဘာဖြစ်သလဲဆိုတော့ ဒါပဲပေါ့ကွာ.... "

ရှိန်ထည်ဝါ က ပြောပြောဆိုဆိုနှင့် ထိုကောင်လေး၏ မျက်နှာကို ဆွဲထိုးပစ်လိုက်သည် ။
ထိုးလိုက်သော အရှိန်ကြောင့် ထိုကောင်လေးက ယိုင်ကျသွားပြီး စေလွန်းရာ၏ လက်ကိုလည်း ပြန်၍ လွှတ်ပေးပြီးသား ဖြစ်သွားလေသည် ။

" ခင်ဗျား... ခင်ဗျား ကျွန်တော့်ကို ထိုးတယ်ပေါ့  ... ဟုတ်လား... "

ထိုကောင်လေးက ရှိန်ထည်ဝါ ကို ကြည့်ပြီး ပြန်ထိုးမလို့ ပြင်လိုက်သည် ။
ရှိန်ထည်ဝါက ထိုကောင်လေး၏ လက်ကိုချုပ်ကိုင်ထားလိုက်ပြီး နောက်တစ်ချက် ထပ်၍ တွန်းထုတ်ပေးလိုက်သည် ။

" စေလွန်းရာက ငါ့လူပဲ... မင်း ဘာမှ လာရှုပ်စရာ အကြောင်း မရှိဘူး.... "

ထိုကောင်လေးက ရှိန်ထည်ဝါ ကို မယှဥ်နိုင်မှန်း သိသွားသောကြောင့် မကျေမချမ်းနှင့် ကြိမ်းဝါးသွားပြီးနောက် ထိုနေရာမှ ထွက်သွားလေတော့သည် ။

" ကျေး.... ကျေးဇူးတင်ပါတယ်... စီနီယာ... "

စေလွန်းရာက မရဲတရဲဖြင့် စီနီယာ့ကို ကျေးဇူးတင်စကား ဆိုလိုက်သည် ။
ရှိန်ထည်ဝါ က စေလွန်းရာကို ကရုဏာသက်စွာ ကြည့်လိုက်မိပြီး စေလွန်းရာ၏ ဗိုက်နေရာကလေးကို စူးစိုက်ကြည့်လိုက်မိသည် ။
အဲ့နေရာတွင် သူ့ သွေးသားကလေးက ရှိနေပြီး ထိုသွေးသားကလေးကို ကျွေးမွေးစောင့်ရှောက်နိုင်ဖို့အတွက် ထိုကောင်လေးက တတ်နိုင်သမျှ ကြိုးစားနေသည်ကို မြင်တွေ့ရသည်မှာ သူ့အတွက်တော့ ရင်ထဲ ထိခိုက်ခံစားရလေသည် ။

The Little OmegaWhere stories live. Discover now