Chapter 33 (U+Z)

865 67 19
                                    

အခန်း (၃၃)

မနက်ပိုင်းတွင် တံခါးခေါက်သံကြောင့် ဘုရားဝတ်ပြုပြီးကာစ ဦးစေညွှန်းရာတစ်ယောက် ထလာလိုက်ပြီး တံခါးဖွင့်လိုက်သည် ။
တံခါးဖွင့်လိုက်လေတော့ အခန်းအပြင်၌ ရပ်ကာ သူ့ကို ပြုံးပြနေသော ဖဲလ်နီကို တွေ့လိုက်ရသည် ။

" ဟလို... ဦး.. မောနင်း...  ဟဲဟဲ... ဖဲလ်နီက ဦးဆီ လာလည်တာပါ... "

ဖဲလ်နီက သူ့ကို ရယ်ကျဲကျဲနှင့် ပြောလာသည် ။
ဖဲလ်နီ အနောက်တွင် ဖဲလ်နီကို ကွယ်ပြီး ရပ်နေသော ဦးကောင်းမြတ်မောင် ကိုပါ ဦးစေညွှန်းရာ တွေ့နေရသည် ။

ဖဲလ်နီထက် အရပ်မြင့်ပြီး ကိုယ်လုံးကိုယ်ထည် ကြီးမားသော ဦးကောင်းမြတ်မောင် တစ်ယောက် သူ့ကိုယ်သူ ဖဲလ်နီ အနောက်တွင် ဒူးလေးကွေးကာ ရပ်နေရင်း သူ့ကိုယ်သူ လုံခြုံသည်ဟု ထင်နေရှာသည် ။

" အင်း... ဖဲလ်နီ... အထဲဝင်လေ... "

ဦးစေညွှန်းရာ က အသံကို ခပ်ပြတ်ပြတ်ပဲ ပြောလိုက်ပြီး ဖဲလ်နီကို အိမ်ထဲ ဝင်စေလိုက်သည် ။
အနောက်က ကွယ်ပြီး ရပ်နေသော ဦးကောင်းမြတ်မောင် ကပါ ဖဲလ်နီကို အကာအကွယ်ယူပြီး အိမ်ထဲကို ခိုးဝင်ဖို့ကြံစည်သည် ။

" အနောက်က ကွတကွတ နဲ့ တစ်ယောက်ကတော့ အိမ်ထဲ ဝင်ဖို့ မကြံနဲ့... "

ဦးစေညွှန်းရာ အော်လိုက်သံကြောင့် ဖဲလ်နီကော ဦးကောင်းမြတ်မောင် ပါ တုန်တက်သွားကြပြီး တုန့်ကနဲ ဖြစ်သွားကြသည် ။

" ဟဲဟဲ... ဟိုဟာလေ  ... ဒယ်ဒီက ဦးကို တွေ့ချင်တယ်ဆိုလို့... အဲ့တာ... "

ဒယ်ဒီဆိုသော စကားကြောင့် ဦးစေညွှန်းရာ နည်းနည်း ကြောင်သွားရသည် ။

" ဒယ်ဒီ.... ဟုတ်လား... "

" ဟို... ဟိုဟာလေ.... ဒယ်ဒီ့ရဲ့ သား ကောင်းခေတ္တရာ နဲ့ ဖဲလ်နီနဲ့က ကြိုက်နေကြတာ ဆိုတော့.... "

" အော်... လက်စသတ်တော့ ဖဲလ်နီ... မင်းက ယောက်ခမလောင်းကြီး ဆိုပြီး တမင် အကြံအဖန်လုပ်ပြီး ဦး မကြိုက်မှန်း သိလျက်နဲ့ သူ့ကို တမင်ခေါ်လာတာပေါ့ ဟုတ်လား... "

ဦးစေညွှန်းရာ က စိတ်ပေါက်ပေါက်နှင့် အသံခပ်မာမာ ပြောလိုက်တော့ ဖဲလ်နီက ဦးကောင်းမြတ်မောင် ၏ လက်မောင်းကို ဆွဲပြီး ကြောက်နေသောပုံစံ လုပ်ပြလာသည် ။

The Little OmegaWhere stories live. Discover now