Chapter 7 (U+Z)

890 85 10
                                    

အခန်း (၇)

Mမြို့သို့ သွားသော ခရီးတွင် စီနီယာက သူ့ကို အလုပ်မှာ ရှိစဥ်ကထက် ပိုမို၍ ဂရုစိုက်ခဲ့သည် ။

ရှစ်နာရီလောက် မောင်းရသော ခရီးကို လမ်းခရီးတွင် တစ်ထောက် နားလိုက် ၊ စားသောက်လိုက် ၊ စကားလေး ပြောလိုက်နှင့် အေးအေးဆေးဆေး မောင်းကြလေသောကြောင့် ညနေစောင်းမှသာ Mမြို့သို့ ရောက်သွားလေတော့သည် ။

ရှိန်ထည်ဝါ အတွက် ယခု Mမြို့ ခရီးစဥ်သည် ဘာမှ အထွေအထူး အရေးတကြီးကြီး မဟုတ်ပေ ။
ဒီအတိုင်း တစ်ယောက်ထဲ လေယာဥ်နှင့် နေ့ချင်းပြန် စာချုပ် လာလုပ်လိုက်လျှင်ပင် ရနိုင်သော ခရီးစဥ် ဖြစ်သည် ။

သို့သော်လည်း သူ စေလွန်းရာ ကို အချိန်ပေးပြီး စိတ်ကြည်လင်အောင် အရင်ထားချင်သည် ။
ထိုသို့ စိတ်ကြည်လင်ချိန်မှ အငှားကိုယ်ဝန်ဆောင်ပေးဖို့ ကိစ္စကို မေးချင်သည် ။
ထို့ကြောင့်လည်း တစ်ရက်နှင့် ပြီးမည့် ခရီးကို သုံးလေးရက် အချိန်ပေးပြီး စေလွန်းရာနှင့် အတူလာခဲ့လိုက်ခြင်း ဖြစ်သည် ။

" အရှေ့ဆို M မြို့ကို ဝင်ပြီနော် စီနီယာ... "

" အင်း... Mမြို့မှာ ကိုယ်တို့ မိဘတွေ ဝယ်ထားတဲ့ အပန်းဖြေစံအိမ် တစ်ခု ရှိတယ်... အဲ့မှာပဲ တူတူတည်းကြတာပေါ့ ... "

တစ်အိမ်ထဲ တူတူ တည်းကြမည် ဟူသော စကားကြောင့် စေလွန်းရာ နည်းနည်းတော့ ရင်ခုန်စိတ်လှုပ်ရှားသွားရသည် ။

ဖဲလ်နီ သူ့ကို အကြိမ်ကြိမ်အခါခါ မှာထားခဲ့သော စကားကိုလည်း သူ ပြန်ကြားယောင်မိသည် ။

" ဟဲ့... လွန်း... ဒီတစ်ခါ ခရီးမှာတော့ သူ့ကုတင်ပေါ်ကို ရအောင်တက်ခဲ့တော့နော်... နင် တွေဝေနေလို့ မရတော့ဘူး... "

ဖဲလ်နီ၏ စကားကို ပြန်တွေးမိပြီး သူ ရှက်သွားမိရာမှ ရယ်လိုက်မိသည် ။

" M မြို့က နည်းနည်းတော့ ပိုအေးတယ်နော်... အနွေးထည်တွေတော့ ပါတယ်မလား... "

" ပါပါတယ် စီနီယာ... "

" အိမ်ရောက်ရင် ခဏနားလိုက်... ပြီးရင် ဟိုတယ် မှာ ညစာတူတူစားဖို့ ကိုယ်စီစဥ်ပေးထားတယ်... "

The Little OmegaWhere stories live. Discover now