Chapter 30 (U+Z)

1K 77 14
                                    

အခန်း (၃၀)

ဖဲလ်နီက ဦးကောင်းမြတ်မောင် ဆွဲခေါ်သွားသည့်အတိုင်း အိမ်ထဲကို ယက်ကန်ယက်ကန်နှင့် ပါသွားရှာသည် ။
ကောင်းခေတ္တရာ ကတော့ သူ့ထက် တက်ကြွနေသော ဖခင်ဖြစ်သူကို ကြည့်၍ အံ့သြနေမိသည် ။
နေစမ်းပါဦး... အခု ဖဲလ်နီ ကို လက်ထပ်မှာ ငါပါနော် ။
ငါ့အဖေက ဘာလို့ ငါ့ထက် ပိုပျော်နေတဲ့ပုံ ပေါက်နေရတာတုန်း ။

" လာ... သား... ဒီနေ့ သားစားဖို့အတွက် အဖေ သေသေချာချာ ချက်ပေးထားတယ်... "

သူ့ဖခင် စကားကြောင့် ကောင်းခေတ္တရာ မျက်လုံး ပြူးသွားရသည် ။

" ဘာ... ဒီနေ့ ဟင်းက ဒယ်ဒီ ချက်တာ... ဟုတ်လား... "

" အေးလေ... သားလေး ဖဲလ်နီက ဒယ်ဒီတို့အတွက် အရေးကြီး ဧည့်သည်လေကွာ... ဒယ်ဒီပဲ ချက်ရမှာပေါ့.... "

ဖဲလ်နီကတော့ ဘုမသိ ဘမသိနှင့် ဦးကောင်းမြတ်မောင် ထိုင်ခိုင်းသော ခုံတွင် ထိုင်ချလိုက်ပြီးလေပြီ ။
ဦးကောင်းမြတ်မောင် က ဖဲလ်နီအတွက် ပန်းကန်ထဲ ထမင်းဟင်း ထည့်ပေးနေသည် ။

" ကျွန်တော် သေချာ ပြောထားတယ်လေ... အဒေါ်ကြီးကို ချက်ခိုင်းရင် ချက်ခိုင်း.... မဟုတ်ရင် ဒရိုင်ဘာ ဦးကျော်ကို အပြင်ကနေ သွားဝယ်ခိုင်းရင် ဝယ်ခိုင်းလိုက်ပါ ဆိုတာကို... ဒယ်ဒီက ဘာဖြစ်လို့ ချက်ရတာလဲ... "

ဖဲလ်နီကတော့ ကောင်းခေတ္တရာ ဘာကြောင့် သူ့အဖေ ဟင်းချက်ခြင်းကို ကန့်ကွက်နေသလဲ နားမလည်နိုင်ပေ ။
ကြည့်ရတာ ကောင်းက သူ့ ဒယ်ဒီကို မပင်ပန်းစေချင်သောကြောင့် ဖြစ်မည် ။
ကောင်းက ထင်သာ မထင်ရတာ ။
မိဘကို သိတတ်တဲ့ သားလိမ္မာလေးပဲ ။

" ရပါတယ် သားရယ်... ဒယ်ဒီ ချက်နိုင်ပါတယ်ကွ... မပင်ပန်းပါဘူး... ဟဲဟဲ... "

" ဟုတ်သားပဲ ကောင်းကလည်း... လွန်းတို့ အိမ်မှာဆို လွန်းဖေဖေပဲ ချက်တာ... လွန်းဖေဖေက ဟင်းချက်လက်ရာလည်း သိပ်ကောင်းတာ... "

လွန်းဖေဖေအကြောင်း ပြောလိုက်သည်နှင့် ဦးကောင်းမြတ်မောင် တစ်ယောက် မျက်လုံးတွေ အရောင်လက်လာပြီး နှာခေါင်းတွေပင် ပွလာသည်ဟု ဖဲလ်နီ ထင်မှတ်မိသွားသည် ။

The Little OmegaWhere stories live. Discover now