Chapter 9 (U+Z)

887 80 12
                                    

အခန်း (၉)

ဦးစေညွှန်းရာ နေ့လယ်ခင်း ဆိုင်၌ လူပါးချိန်တွင် လိုအပ်သည်များဝယ်ယူရန် စျေးဘက်သို့ ထွက်လာခဲ့သည် ။
စျေးသို့လာသည့်လမ်း တစ်နေရာတွင် မြင်လိုက်ရသော မြင်ကွင်းကြောင့် သူ ရုတ်တရက် နှလုံးခုန်တွေ မြန်လာရသည် ။

ကောင်းမြတ်မောင်... ။
ဒင်းက နောက်ဆုံးတော့ ကိုယ်တိုင်ရောက်လာခဲ့ပြီပဲ ။
မမြင်ရတာ နှစ်တွေအများကြီး ကြာနေပြီ ဖြစ်သော်လည်း ထိုရုပ်သွင်ကို သူ လုံးဝ မှတ်မိနေဆဲပင် ။

ထိုသူကများ သူ့ကို အရှက်မရှိ ကိုယ်တိုင် လာရှာရဲနေပြီပေါ့လေ ။
လွန်ခဲ့သော အနှစ် နှစ်ဆယ်ကျော်က သား စေလွန်းရာ၏ ကိုယ်ဝန်ကို ဖျက်ခိုင်းခဲ့သည့် လူယုတ်မာကများ ။

ဘာပဲပြောပြော သူ ဒီလူကို မမြင်ချင် ။
စကား တစ်ခွန်းလောက် ပြောရမှာကိုပင် စိတ်ထဲ မသိုးမသန့်နှင့် မသတီပေ ။
ထို့ကြောင့် ချက်ချင်းပင် ရှောင်သွားလိုက်ဖို့ စိတ်ကူးလိုက်သည် ။

" ညွှန်း... "

သူ ရှောင်သွားဖို့ ကြိုးစားသည်မှာ နောက်ကျသွားခဲ့ပြီ ။
ကောင်းမြတ်မောင် က သူ့ကို တွေ့သွားခဲ့ပြီးလေပြီ ။
သူ ချက်ချင်း မျက်နှာကို တစ်ဖက်လှည့်လိုက်သော်လည်း ကောင်းမြတ်မောင် က သူ့ဘက်ကို ပြေး၍ လိုက်လာသည် ။

ဦးစေညွှန်းရာ တစ်ယောက် ထို​နေရာမှ အမြန်ဆုံး ထွက်ပြေးလာသည် ။
သူ ပြေးလိုက်တော့မှပင် သူက စေညွှန်းရာ ဖြစ်နေမှန်း ကောင်းမြတ်မောင် ကို ပို၍ သေချာသွားစေသည် ထင်သည် ။
ကောင်းမြတ်မောင် က သူ့အနောက်ကို အပြေးလိုက်လာလေသည် ။

ကိုယ်က ဘာအမှားမှလည်း မရှိဘဲနှင့် ရှောင်ပြေးနေရသည့် အဖြစ်ကို သူ့ကိုယ်သူလည်း ဦးစေညွှန်းရာ နားမလည်နိုင်ချေ ။
သို့သော်လည်း သူ အလျင်အမြန်သာ ပြေးနေမိသည် ။

ကောင်းမြတ်မောင် သူ့ကို တွေ့လျှင် ပြောလာမည့် စကားတို့ကို သူ မကြားလိုပါပေ ။
တောင်းပန်စကား ဆိုလာလျှင်လည်း သူ ခွင့်လွှတ်ပေးနိုင်မှာမှ မဟုတ်ဘဲ ။

" ကိုယ်မင်းကို ကိုယ်ဝန်အပ်ဖို့ ခေါ်သွားပေးမယ်... "

ထိုစဥ်က သူ ယုံကြည်ပြီး ကောင်းမြတ်မောင် အနောက်က လိုက်သွားခဲ့မိဖူးသည် ။
သားလွန်းလေး၏ ကိုယ်ဝန်ကို ဆောင်ထားရချိန်၌ပေါ့ ။

The Little OmegaWhere stories live. Discover now