Chapter 16 (U+Z)

917 81 9
                                    

အခန်း (၁၆)

လွန်ခဲ့သော ၆နှစ်ကျော်ကာလ... ။

ပထမနှစ်ကျောင်းသားလေး စေလွန်းရာ တက္ကသိုလ် စတက်သည့်နေ့ ။
ဒီနေ့မှ အိတ်က ကြိုးက ပြုတ်ချင်နေသည် ။
ဒီကျောပိုးအိတ်က သူ အထက်တန်းကတည်းက လွယ်ခဲ့သည့်အိတ်ဖြစ်သည် ။
တက္ကသိုလ် တက်တော့လည်း ဒီအိတ်ကိုပင် ဆက်လွယ်ခဲ့သည် ။

ဖေဖေက သူ့ကို အိတ်အသစ် ဝယ်ပေးမည်ဟု ပြောလာခဲ့သော်လည်း သူကတော့ လုံးဝလက်မခံခဲ့ ။
အိတ်က အကောင်းကြီးပဲ ရှိသေးတာပဲဟု ဇွတ်ပြောကာ ဤအိတ်ကိုသာ ဆက်လွယ်ခဲ့သည် ။
ဖေဖေ့အတွက် ငွေရှာရတာ မလွယ်ကူမှန်း စေလွန်းရာ သိသည် ။
ကျောပိုးအိတ် အဟောင်းလေးကလည်း လွယ်လို့ရနေတာပဲလေ ။

သို့သော် ကံက ဆိုးလေပြီ ဆိုလျှင် ဘယ်လိုမှ တားမရဆီးမရပေလား မသိ ။
ကျောင်းဝန်းထဲဝင်ပြီး သူ တက်ရမည့်အခန်းကို ရှာနေလေရင်း သိပ်မကြာမီမှာပင် သူ့ ကျောပိုးအိတ်ကြိုးကလေးသည် ပြတ်ထွက်သွားပြီး ကျောပိုးအိတ်ထဲက ပစ္စည်းတွေက ​​မြေပြင်ပေါ် ပြန့်ကျဲကျကုန်ကြလေသည် ။

ဟာ... သွားပြီ... ။
ကျောင်း ပထမဆုံးရက်မှာမှ အရှက်တွေကွဲရတယ်လို့ ။
တက္ကသိုလ် ရောက်နေကြပြီမို့ လူတွေက သူ့ကို ဟားတိုက်ကြတာမျိုး မလုပ်ကြသော်လည်း ကွက်ကြည့်ကွက်ကြည့်တော့ အလုပ်ခံရသည် ။

ထိုအချိန်တွင် ကယ်တင်ရှင် အကိုကြီး တစ်ယောက်ပေါ်လာခဲ့သည် ။
ထိုသူက သူ့ ပစ္စည်းများကို ကူကောက်ပေးခဲ့သည့်အပြင် သူ့အိတ်ကိုလည်း ယူကာ ကြိုးဖြင့်ပြန်ထုံးပြီး ဆက်ပေးခဲ့သည် ။

" ကျေး... ကျေးဇူးတင်ပါတယ်ခင်ဗျ... "

" ပထမနှစ်လေး ထင်တယ်... ဟုတ်လား... "

" ဟုတ်ပါတယ်ခင်ဗျ... "

" ကိုယ်က နောက်ဆုံးနှစ်က... တစ်ခုခု အကူအညီလိုရင် ကိုယ့်ကိုပြောလေ... "

" ဟုတ်ကဲ့... စီနီယာ... "

" အိုး... မင်းကျောပိုးအိတ်မှာ တပ်ထားတဲ့ သစ်တောက်ငှက်ပုံ သော့ချိတ်ကလေးက ချစ်စရာလေးပဲ ကွ... "

" ဟုတ်... ဟုတ်ကဲ့... "

စီနီယာက သူ့ကို ရယ်မောက ကြည့်ရင်း ဆက်၍ဆိုလာခဲ့သည် ။

The Little OmegaWhere stories live. Discover now