Chapter 27 (U+Z)

988 86 8
                                    

အခန်း (၂၇)

" ငါ့ကို ပြောစမ်း... သူနဲ့ ဘယ်အခြေအနေအထိ ရောက်ပြီးပြီလဲ ဆိုတာ... "

ဖဲလ်နီက သူ့အရှေ့တွင် ရှိနေသော ကောင်းခေတ္တရာကို လေသံခပ်မာမာနှင့် မေးလိုက်သည် ။
ဖဲလ်နီ၏ ခပ်ပြတ်ပြတ်အသံဖြင့် အမေးကြောင့် ကောင်းခေတ္တရာ၏ မျက်နှာမှာ ဇီးစေ့လောက်သာ ကျန်ရှိလေတော့သည် ။
ထို့နောက်တွင်မှ အထစ်ထစ် အငေါ့ငေါ့ ပြန်ဖြေလာလေသည် ။

" ဟို... ဟို... ဘာမှ... ဘာမှ မလုပ်ရသေးပါဘူး... "

" ငါ့ကို မလိမ်နဲ့နော်... နောက်မှ ငါကိုယ်တိုင် အဲ့မိန်းမကို သွားမေးလို့ အမှန်အတိုင်း သိရရင် ငါ့ကို အဆိုးမဆိုနဲ့ ကောင်းခေတ္တရာ... "

ဖဲလ်နီ၏ အသံက ဒေါသတကြီးဖြစ်နေသည်မို့ ကောင်းခေတ္တရာ လိမ်၍ မရဲတော့ပေ ။
သို့သော် အမှန်အတိုင်း ပြောဖို့ကိုလည်း ဘာကြောင့်မှန်းမသိ ကြောက်လန့်နေမိသည် ။

" ဟို... ဟိုဟာ... "

" အေး... လိမ်လို့ကတော့ မင်းကို မိုးကြိုးပစ်မှာနော်... "

မိုးကြိုးဆိုသော စကားကို ကြားတော့ ကောင်းခေတ္တရာ တွန့်ကနဲ ဖြစ်သွားပြီးနောက် အသိပြန်ဝင်လာသည် ။
သူ့အဖြစ်က ဘယ်အခြေအနေရောက်ရောက် မိုးကြိုးနှင့် မလွတ်ကင်းသော အခြေအနေပင် ဖြစ်နေလေသည် ။

" မလိမ်တော့ပါဘူး... အမှန်အတိုင်း ပြောပြပါ့မယ်... အမှန်တော့... ကိုယ် သူနဲ့ နမ်းရုံတင်ပဲ နမ်းရသေးတာပါ... နမ်းတာတောင် နှုတ်ခမ်းချင်း ထိတယ် ဆိုရုံလေးပါ...  တခြား ဘာမှ မလုပ်ရသေးပါဘူး ဖဲလ်နီရယ်... "

" ဘာ... နမ်းတယ်... ဟုတ်လား... မင်းက တို့ကို မရရင် သေပါတော့မယ်ဆိုတဲ့ အချိုးနဲ့ လိုက်ခဲ့ပြီးတော့ အခုကျတော့ တခြားမိန်းမတစ်ယောက်နဲ့ နမ်းခဲ့တယ်ပေါ့... ဟုတ်လား... "

ဖဲလ်နီအသံက တင်းမာနေသည်မို့ ကောင်းခေတ္တရာ ကိုယ်ကိုပင် အနောက်သို့ ယို့လိုက်မိသည် ။
ဖဲလ်နီ စိတ်ဆိုးနေတဲ့ပုံစံက အတော်လေးကို ကြောက်စရာ ကောင်းနေတာပါလား ။

" မဟုတ်ပါဘူး... အဲ့တာကလည်း ကိုယ့် ဆန္ဒ မဟုတ်ပါဘူး... ဒယ်ဒီ့ဆန္ဒပါပဲ.... "

The Little OmegaWhere stories live. Discover now