အပိုင်း ၁၄

13 0 0
                                    


ရှိန်မြတ်ပိုင် ဆိုင်းခမ်အလာကိုစောင့်နေသည်။
ဆိုင်းခမ်စားဖို့ မုန့်တွေ ဖျော်ရည်တွေလည်း အဆင့်သင့်ထုတ်ထားပေးလိုက်သည်။

ဖိုးလုံးတစ်ယောက် စားပွဲမှာထိုင်ပြီး စာအုပ်ဖတ်နေ၏။
ဘာမှလုပ်စရာမှမရှိ စာဖတ်ဖို့ဘဲရှိသည်မဟုတ်လား။
ဆိုင်လာတဲ့သူလည်းရှိသည်မဟုတ် အားလုံးစပါးရိတ်သိမ်းနေကြတော့ ဆိုင်ကအမြဲတမ်းဗလာနတ္ထိ။
သူတခါတလေတွေးမိသည်:လာသောက်မယ့်သူမရှိတာကိုဘာလို့ပိုက်ဆံအကုန်ခံပြီးဖွင့်ထားထာလဲပေါ့

ရှိန်မြတ်ပိုင် လက်ဖက်ရည်ဆိုင်ကို မကြာခင်ပိတ်မည်လို့ ဆုံးဖြတ်ထားသည်။ သူ ဆိုင်ပိတ်ပိတ်ပြီး နွား ဝက် ကြက်တွေမွေးမည်။ သူ ငါးလည်း မွေးမလားလို့။ သူ့ကောင်လေးက ငါးကြိုက်သည်မဟုတ်လား။ သူများငါးကန်ဆီ ခြေမလှမ်းအောင် သူငါးမွေးမှရမယ်။သူ့အိတ်ကပ်မှာရှိသည့် ပိုက်ဆံတွေကိုကောင်းကောင်းအသုံးမှရတော့မည်။

ရှိန်မြတ်ပိုင် သူစိုက်ထားသည့် အပင်ငယ်‌လေးတွေကို ရေလောင်းနေလိုက်သည်။ ထိုအပင်ငယ်တွေကလည်း
သူကောင်းလေးအတွက်ဘဲ ပန်းတွေကလည်း သူကောင်လေးအတွက်ဘဲ

ဆိုင်းခမ်‌ ရေလောင်းနေသည့် ရှိန်မြတ်ပိုင်နား တိတ်တိတ်ကလေး တိုးတိုးကပ်လိုက်ပြီး အနောက်ကနေ သိုင်းဖက်လိုက်သည်။

ရှိန်မြတ်ပိုင် မလန့်ပါဘူး။ သူသိသည် သူ့နောက်မှာ
ဆိုင်းခမ်တိတ်တိတ်ကလေးလာနေသည်ကို သူမသိပဲနေမလား။
သူ့ကောင်လေးရဲ့ကိုယ်သင်းနဲ့ကိုသူသိတာပေါ့။

သို့သော်သူ ကောင်လေးစိတ်မပျက်‌စေပါဘူး ။သူ ဟန်ဆောင်ပြီးလန့်ပေးလိုက်ရသည်။
"အာ့!!!ခမ့်!! လန့်လိုက်တာ"

ရှိန်မြတ်ပိုင် ဟန်ဆောင်ပြီး လန့်ပေးတာကိုမသိသည့် ဆိုင်းခမ်တစ်ယောက် ထိုလန့်မှုကို သဘောခွေနေ၏။
"ဟင့် လန့်သွားလား .."

ရှိန်မြတ်ပိုင် သူခါးပေါ်ရောက်နေသည့် လက်ကလေးကို ပြန်အုပ်ကိုင်ပြီး ဖွဖွကလေး နမ်းလိုက်သည်။
"အင့်လန့်တာပေါ့လို့ လာ ကိုယ့်ကိုနမ်းပါအုံး"

ရှိန်မြတ်ပိုင် ဆိုင်းခမ် ဘက်ကိုယ်လှည့်ပြီး ဆိုင်းခမ်ကိုအမြတ်တနိုးနဲ့ကြည့်လိုက်လျှင် ဆိုင်းခမ် ရှက်သွေးဖြာလာ၏။

ကျွန်တော့်ရဲ့ ကိုကိုပိုင်Where stories live. Discover now