မနက်အချိန်မှန်မှန် တွန်တတ်သည့်ကြက်ကတုံးကတော့ ကျွန်တော့်အတွက်တော့နိုးစက်ပေါ့။
နောက်ဆုံးတော့ ဆိုင်းခမ် ထိုကြက်ကတုံးကိုမနိုင်တော့ မထချင်လည်း ထရတော့သည်။ဆိုင်းခမ် ကိုယ်လက်ဆေးကြောပြီး
သူအဒွေ့ ဆီသွားပြီး ချွဲတော့တယ်
"အဒွေ~~စော့ရအိုင်~~~"
(အဘွား~~~ချစ်တယ်~~~)"ဘာတွေ လာချွဲနေတာလဲ "
"သား ဒီနေ့ မြောင်းသွားမဖောက်ချင်ဘူး"
"အဒွေသိပါတယ် ဒါပေမဲ့ သားစိုင်းတို့ပြောတော့
ရေစီးဖို့ ပိုအဆင်ပြေရအောင် နည်းနည်းလုပ်ရုံဘဲတဲ့"ဆိုင်ခမ် တစ်ယောက် စိုင်းကိုစိတ်ထဲ အကြိမ်အကြိမ်ဆဲနေပြီဖြစ်သည်။
စာကြည့်တိုက်ဆောက်လို့ပြီးတော့ ရွာထဲလုပ်စရာ ဘာမှမရှိတော့ စာကြည့်တိုက်သွားပြီး စာဖတ်လိုက်၊ငါးသွားမျှားလိုက် ၊ရွာထဲအလည်လိုက်နဲ့ဆိုင်းခမ် လွတ်လပ်ရေးရနေတာဖြစ်သည်။
ဒီမနက်ကျမှ ရွာအဝင်ထဲ မြောင်းပိတ်နေတာ သွားဖောက်ရမယ့် တာဝန်ကရလာရော
လူအင်အား
သိပ်မလိုတာမို့ စိုင်းက အရိန့်နဲ့ဆိုင်းခမ် သူတို့သုံးယောက်သွားလုပ်လိုက်မယ်တဲ့လေ။"ဆိုင်းခမ် မလုပ်လေ သားစိုင်းတို့နဲ့လိုက်သွားလေ"
"အင့် ဒါဆိုသွားတော့မယ်နော်"
"ဆိုင်းခမ် မိုးရွာနေတယ် ထီးယူသွား"
"ထီးမဆောင်ချင်ဘူး"
"ခမောက်တော့ ဆောင်းသွား"
ဆိုင်းခမ် ခမောက်ဆောင်ပြီး အိမ်ကထွက်လာတော့
စိုင်း နဲ့အရိန့်ကိုတွေ့လိုက်ရသည်။စိုင်း"ဆိုင်းခမ် သွားမယ်လေ မင်းတောင် အစောကြီးနိုးတတ်လာပြီဘဲ"
ဆိုင်းခမ်"ဟိုကြက်ကတုံး ငါ မ ထ မခြင်း တွန်နေတာကိုး"
အရိန့်"ဟို မင်းဦးလေးရဲ့အချစ်တော်ကြက်ဖလား"
ဆိုင်းခမ်"အင့်ဟုတ်တယ် ငါ့ဦးလေးမရှိတုန်း ငါ့တို့အဲ့ကြက်ကို ကြက်စွတ်ပြုတ်လုပ်သောက်မလား"
စိုင်း"မင်းလုပ်သောက် ငါတော့ ကြောက်တယ် မင်းဦးလေးပြန်လာရင် ငါ ဖင်ပြောင်ကြီးနဲ့ပတ်မပြေးချင်ဘူး"
YOU ARE READING
ကျွန်တော့်ရဲ့ ကိုကိုပိုင်
Short Storyမိန်းမ မယူချင်လို့ ရွာမှာနေ နေရသူ နဲ့ ဘဝ ကို အေးချမ်းစွာ ဖြတ်သန်းလိုသူ နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်း (ပထမဆုံး ရေးသားခြင်း၊ စိတ်ကူယဉ်သက်သက်သာ ရေးထားခြင်း ဤဇာတ်လမ်းတွေပါဝင်သော နေရာ ဇာတ်ကောင် စသဖြင့် အားလုံးသည် ရေးသူ၏ စိတ်ကူးသက်သက်သာ ။ )