အပိုင်း ၇

11 0 0
                                    

အပိုင်း ၇
သူတို့ရဲ့ စုဝေးရာ ခြံမှာ စင် လုပ်နေကြ၏။
မိန်းကလေးတွေက စင်ပေါ် အလှဆင်ဖို့ ပန်းတွေနဲ့အလှဆင် နေကြ၏။ စင်က ကြီးသည် ဒီညက ကလေးတွေ နဲ့ သီချင်းဆိုဖို့လုပ်ထားကြသည်။ ပြဇာတ်ကတော့ နောက်ဆုံးညမှ လုပ်မှာဖြစ်သည်။
ရှိန်မြတ်ပိုင်တစ်ယောက်တော့ အခုလိုမျိုး အလုပ်လုပ်နေရသည်ကို ပျော်နေ၏။

ဆိုင်းခမ်တစ်ယောက် ဝါလုံးဖြတ်နေတဲ့ရှိန်မြတ်ပိုင် ကိုကြည့်လိုက်သည်။ချွေးတွေက နဖူးကနေ မေးဖျားထိ ကျဆင်းလို့
" ခင်ဗျား မပင်းပန်ဘူးလား"
သူပြောရင်း လက်က ရှိန်မြတ်ပိုင်ရဲ့ချွေးတွေကို သုတ်ပေးလိုက်သည်။

ရှိန်မြတ်ပိုင်တစ်ယောက် လက်ကလေးက သူမျက်နှာလာထိတော့ ကိုယ်လေးတစ်ချက်တွန့်သွားရင် ထိုလက်ကိုဖမ်းဆုပ်လိုက်သည်။

ဆိုင်းခမ် သူ့လက်ကို ကိုင်ထားသည့်သူကို အလန့်တကြားကြည့်လိုက်ရင်း လက်ပြန်ရုတ် ဖို့လုပ်တော့ ထိုသူက
ပိုတင်းကျပ်အောင် ဆုပ်ကိုင်လာသည်။
"ကိုယ် ပင်းပန်းပေမဲ့ ကိုယ်ပျော်တယ်"
သူ ဆိုင်းခမ်ကို ချစ်မြတ်နိုးစွာကြည့်လိုက်သည်။
'သူပျော်တယ် အရမ်းကိုပျော်တယ် ပျော်လွန်းလို့ သူ့လက်ထဲက လက်ကလေးကို နမ်းလိုက်ချင်တယ်'

"လွတ် !"
'သူ ရင်ခုန်လွန်းလို့ သေတော့ပါဘဲ။
ဘာလို့သူက ငါ့ကိုအဲ့လိုအကြည့်မျိုးနဲ့ကြည့်နေတာလဲ။ ဘာလို့ ငါ့ရင်တွေ ခုန်ပေါက်နေတာလဲ။
ဘာလို့ ငါ့လက်ကိုမလွတ်သေးတာလဲ'။
ဆိုင်းခမ် ခေါင်းထဲ မေးခွန်းတွေကိုဘယ်သူက
ဖြေနိုင်မှာလဲ။

ရှိန်မြတ်ပိုင် လက်ကလေးကို လွှတ်ပေးလိုက်သည်။
သူ့ကို စိတ်များဆိုးနေမလားလို့ ဆိုင်းခမ်ကို မဝံ့မရဲကြည့်လိုက်သည်။ကောင်လေးမျက်နှာ နီရဲလို့ နှုတ်ခမ်းလေးကို ဖိကိုက်ထားလေသည်။ ထိုပုံစံ ဘယ်လောက်တောင် ဆွဲဆောင်မူရှိလိုက်သလဲ။
"ကိုယ်....တောင်းပန်ပါတယ်နော် မင်းကိုယ့်ကိုစိတ်ဆိုးချင်ရင်ဆိုးလို့ရတယ် ကိုယ်မင်းစိတ်ဆိုးပြေတဲ့အထိ လိုက်ချော့မှာ"

"မ....မဆိုးပါဘူး ကျွန်တော်သွားတော့မယ်"
သူ စိတ်မဆိုးနိုင်ဘူး ဘာလို့ မဆိုးနိုင်ရတာလဲ ကိုယ့်ကိုတောင်မသိတော့ဘူး

ကျွန်တော့်ရဲ့ ကိုကိုပိုင်Where stories live. Discover now