အပိုင်း ၁၀

8 0 0
                                    

ကောင်လေး သူပေါ် ကခုန်နေတုန်း ဘန့်!ဆိုတဲ့ အသံနဲ့ တံခါးပွင့်လို့လာချေသည်။
နှစ်ယောက်သားလှည့် ကြည့်လိုက်တော့ ဦးမိုးဆွေကိုတွေ့လိုက်ရသည်။

ထိုအဖြစ်အပျက်ပြီးသွားတော့ သူနဲ့ထူးချွန်းလည်း အဆက်အသွယ်ပြတ်သွားရလေသည်။
ဦးမိုးဆွေက သဘောမတူဘူးလေ။ ဘယ်သဘောတူမလဲ။
သူ့သားက ငယ်ငယ်ချောချောလေး
သူ့လိုလူဆီဘယ်ပစ်ပေးမလဲ။
-
ဦးမိုးဆွေ တစ်ယောက် လတ်ဆိုင်းကိုအလုပ်ဖြုတ်လိုက်သည်။ လတ်ဆိုင်းလည်း ဦးမိုးဆွေကို အကြိမ်အကြိမ်အခါအခါ တောင်းပန်မိသည်။ သူ ဦးမိုးဆွေကို နားလည်ပါသည်။

ဦးမိုးဆွေ မြင်လိုက်ရသည့်မြင်ကွင်း ဟာလည်း မမေ့နိုင်စရာမဟုတ်ပါသလား။ ယောင်္ကျားလေးနှစ်ယောက် ကုတင်ပေါ် ပူတွဲယှက်နေကြတာက သူ့အတွက်ထိတ်လန့်စရာ ဖြစ်ခဲ့ပါလိမ့်မည်။
ပြီးတော့ သူအရမ်းချစ်ခဲ့တဲ့သူသားနဲ့ သူ့အလုပ်သမားတဲ့လဲ။
သူ့ပြောခဲ့တဲ့စကားက"မင်း ငါ့သားကိုပျက်စီးတယ် ငါ့ယုံကြည်မူကိုပျက်စီးတယ် မင်း...ကွ ငါ့သားက ငယ်သေးတယ် မင်းမို့လို့ ဟင့် ဟင့် ထွက်သွား ငါသားနဲ့ဘယ်တော့မှ လာမသတ်နဲ့ သေတဲ့အထိ
ရွံ့စရာကောင်းတဲ့အကောင်"

သူပြောတာမှန်တယ် ငါ ထူးချွန်ကို ပျက်စီးလိုက်တာ ။
ဦးမိုးဆွေရဲ့ ယုံကြည်မူကိုလည်းပျက်စီးလိုက်တာ ။
သူက မကောင်းတဲ့သူ။ ခွင့်လွတ်နိုင်စရာမရှိ မုန်းသင့်တယ်။အမုန်းခံသင့်တဲ့လူပါ။ ဒါပေမဲ့ ငါ့အချစ်ကော ငါ့အချစ်တွေက ရွံ့စရာဖြစ်ခဲ့ပြီမဟုတ်လား။

သူရွာပြန်သွားလိုက်သည်။ သူရွာမှာဘဲ တောင်ယာလုပ်
သစ်စိုက်တွေစိုက်သည်။ သူအလုပ်ကို မရပ်မနား လုပ်ခဲ့သည်။သူကောင်လေးကိုမတွေးမိအောင်ပေါ့ သူနဲ့ခွဲတုန်းကဆို ကောင်လေး အရမ်းငိုနေခဲ့သည်။

ထူးချွန်"အကို ပြန်လာခဲ့မယ် မဟုတ်လား ကျွန်တော့်ကို တစ်ယောက်ထဲ ပစ်မထားခဲ့ပါနဲ့"

"ကိုယ် တောင်းပန်ပါတယ် ထူးချွန် ထူးချွန်ကို ကိုယ်ချစ်တယ် ဒါပေမဲ့ ဒီအချစ်က အခြားသူတွေအတွက်တော့
လှောင်စရာ ပြောင်စရာ ရွံစရာ ဖြစ်ခဲ့ပြီလေ"

ကျွန်တော့်ရဲ့ ကိုကိုပိုင်Onde as histórias ganham vida. Descobre agora