အပိုင်း ၂

26 4 0
                                    

မနက်အိပ်ယာထတော့ တစ်ကိုယ်လုံးကိုက်ခဲနေတာဘဲ။သူထပြီး ရေချိုးလိုက်သည်။ရေအေးအေးနဲ့ချိုးလိုက်ရတော့ သူ တစ်ကိုယ်လုံး လန်းဆန်းသွားသည်။
သူ့အောက်ဆင်းပြီး မနက်စာစားလိုက်သည်။စားလို့သောက်လို့ပြီးတော့
သူ အပေါ်ပြန်တက်ဖို့လုပ်နေချိန် အရိန့်က သူ့ဆီလာနေသည်ကို တွေ့တော့ အရိန့်ဆီဘဲသွားလိုက်သည်။

အရိန့်က
"ဘယ်လိုလဲဆိုင်းခမ်"

ဆိုင်းခမ် အူကြောင်ကြောင်နဲ့"ဘာကို ဘယ်လိုလဲ"

"ဘာမှမဟုတ်တော့ဘူး"
အရိန့် ဆိုင်းခမ် ကိုမေးနေတာက အလုပ်လုပ်ပြီး
ရလာတဲ့အရသာကိုမေးတာဘဲဖြစ်သည်။ ခန္ဓာကိုယ် နာ မနာမေးနေတာကို ဖြစ်သည်။
"ထားလိုက်တော့ ခေါင်းဆောင်း ငါ့ကို လူစုဖို့ခေါ်ခိုင်းလိုက်တယ် "

"ဒီနေ့ အလုပ်နားတယ်လေ"
သူတို့ ဒီနေ့နားပြီးမနက်ဖြန်မှဘဲ ဆက်လုပ်ဖို့ အားလုံးက သဘောတူထားတာဖြစ်သည်။

"အင့် ဒါပေမဲ့ခေါင်းဆောင်ခေါ်ခိုင်းလိုက်တယ် ဘာကိစ္စလဲတော့ ငါလည်းမသိဘူး"

"အွန်းး~~~ငါတစ်ကိုယ်လုံးနာနေတာဘဲ"

"ဟားးး ဟားးး ငါထင်တော့ထင်သားဘဲ"

ဆိုင်းခမ့် ထိုတကောင်သားကို ရိုက်ချင်လာသည်။
'သူနာနေတာကို ရယ်နေနိုင်သေးတယ် မကောင်းတဲ့အကောင်'
"ငါနာနေတာကို လာမခေါ်နဲ့ မသွားဘူး"

အရိန့် တစ်ယောက် ဆိုင်းခမ် စိတ်ဆိုးသည်ကို သိလိုက်ပြီး
"ဆိုင်းခမ် ငါက စတာကို စိတ်မဆိုးပါနဲ့
လူမစုံရင် ခေါင်းဆောင်ကငါ့ကိုဆူမှာ "

ဆိုင်းခမ့် ထိုင်ခုံမှာထိုင်ပြီး အရိန်းရဲ့ အသနားခံနေသည့် မျက်နှာကိုမကြည့်ဘဲ မျက်နှာလွှဲထားလိုက်သည်။

ထိုအချိန် စိုင်း ရောက်လာပြီး
"ဘာဖြစ်နေကြာတာလဲ"

အရိန့်"ငါစလိုက်လို့"

ဆိုင်းခမ်"ဟွန်း!"

စိုင်း ဆိုင်းခမ့်ကိုကြည့်လိုက်သည်။
နူတ်ခမ်းလေးကို ဆူထားပြီး ပါးမို့မို့လေးပန်းရောင်သန်းလို့ မျက်လုံးက နီရဲပြီး မျက်ရည်ဝဲလို့နေ၏။
:' ကလေးလေးကျနေတာဘဲ

ကျွန်တော့်ရဲ့ ကိုကိုပိုင်Where stories live. Discover now