အပိုင်း ၆

18 1 0
                                    


ရှိန်မြတ်ပိုင် ဒီရွာကိုသဘောကျတယ် ပြီးတော့ သူဘေးနားမှာထိုင်နေသူကိုလည်း သဘောကျတယ်

ခေါင်းဆောင်က အားလုံးကို ပျော်သွားစေမယ့် သတင်းကို ဖွင့်ဟ ဆိုလာခဲ့သည်။
" နောက်တစ်ပတ် ရွာမှာ ဇာတ် လုပ်မယ် !  သုံးညတောင်နော်"
ဝိုးးးးး!!!!
သူ စကားတောင်မဆုံးသေးဘူး တဝိုးဝိုးနဲ့ ထအော်လာသူတွေကြောင့် ခနရပ်ပြီး ဆက်ပြောလိုက်သည်။
" အကတွေကမယ် သီချင်းတွေဆိုမယ် ပြဇာတ်တွေလုပ်မယ် အဲ့ညကျ ပျော်စရာကောင်းနေမှာတော့အသေချာဘဲ
ကဲအခုကစပြီး အကတွေ တိုက်ထားကြတော့ အားလုံးတစ်ခုခုမှာ‌ေတာ့ ပါရမယ်နော် ဪ ...ပြီးတော့ ကလေးတွေလည်းကကြမယ်တဲ့ အကတော်တဲ့သူတွေ ကလေးတွေကိုလည်း သင်ပေးလိုက်ကြအုန်း"

အားလုံးက ပျော်သွားကြသည်။ သူတို့မှာ ဇာတ်တွေ ဘာတွေ မလုပ်ဖြစ်တာကြာပြီမလား ။
ဆိုင်းခမ် သူလည်း အတော်ကိုပျော်နေမိတယ် 'ဘယ်လောက်တောင်ပျော်စရာကောင်းနေမလဲ '

ရှိန်မြတ်ပိုင်အတွက်တော့ အသစ်အဆန်းလေးတစ်ခုပေါ့
သူမှ အဲ့အချိန်ရောက်ဖို့ မစောင့်နိုင်တော့ဘူး။

"ခေါင်းဆောင်လည်း တစ်ခုခုမှာ ပါမယ်မလား"

"ဒါပေါ့ ငါမပါလို့မဖြစ်ဘူးလေ "

"ဟုတ်တယ် ခေါင်းဆောင် ဒါနဲ့ ဘယ်အဖွဲ့မှာပါမလို့လဲ?"

"အမ် အရင်နှစ်က အကမှာပါထားတယ်ဆိုတော့ ဒီတခါပြဇာတ်အဖွဲ့မှာပါမယ် "

"ကောင်းတာဘဲ"

" ကဲ စပြီးလုပ်ထားကြနော် ပြဇာတ်အဖွဲ့တွေတော့ ပိုပြီးကျင့်ဖို့လိုမှာ ဘယ်သူတွေပါကြမလဲ ဪ လင်းသစ်က ပြဇာတ်မှာ ပါနေကျဆိုတော့ လင်းသစ် ဦးဆောင်လိုက်နော် "

"ဟုတ်ကဲ့ခေါင်းဆောင် ကဲ ပါမယ်သူတွေလာပြီး စာရင်းပေးထားကြ "

"ကျွန်မ ပါမယ်"

ဒီလိုနဲ့ လူတိုင်းက သူတို့ ဝင်ချင်တဲ့အဖွဲ့ဆီ စရင်းသွားပေးကြသည်။

ဆိုင်းခမ်နဲ့ရှိန်မြတ်ပိုင်တော့ ရှေ့က ဖြစ်ပျက်‌နေတာကို ထိုင်ကြည့်နေသည်။

ရှိန်မြတ်ပိုင်သူ့ဘေးနားကကောင်လေးကို ကြည့်ပြီး
"ခမ့် ကော ဘယ်အဖွဲ့မှာ ပါမှာလဲ"

ကျွန်တော့်ရဲ့ ကိုကိုပိုင်Where stories live. Discover now