အပိုင်း ၁၁

13 1 0
                                    

သူတို့ လွှတ်နေသည့် လူကို ဖမ်းဖို့ လုပ်ကြသည်။
ကိုယ့်ကိုယ်ကို ကွာကွယ်နိုင်ဖို့ တုတ်တွေ ကိုယ်စီ ကိုင်ရင်း သူခိုးဖမ်းဖို့ လုပ်ကြသည်။ ညကလိုဘဲ
အစဉ်အစီ ဆွဲထားကြသည်။ ခေါင်းဆောင်တော့ တော်တော့်ကို ပျာယာခတ်နေလေသည်။ သူ့လူတွေ ထိခိုက်မှာလေ စိုးရ၊မမိမှာကိုစိတ်ပူ‌နဲ့။

ဆိုင်းခမ်နဲ့ရှိန်မြတ်ပိုင် နှစ်ယောက် ရွာအဝင်မှာ ပုန်းစောင့်နေသည်။

ဆိုင်းခမ် သူ မဖမ်းချင်ဘူး။ ဟိုက စိတ်မကျန်းမာသူလည်းသူ့ကိုကြည့်မရလို့ သူ့ကို ရိုက်လွှတ်လိုက်ရင်ဖြင့် မတွေးရဲစရာပင်။ ထားလိုက်တော့ အခု သူ့ဘေးနားမှာ သူ့ကို ကာကွယ်ပေးနိုင်သူ ရှိသည်မဟုတ်ပါလား။

ရှိန်မြတ်ပိုင်တစ်ယောက် တုတ်ကို ကျစ်နေအောင် ကိုင်ထားပြီး လက်တစ်ဖက်ကတော့ ကောင်လေးကိုဆုပ်ကိုင်ထားသည်။

"မကြောက်နဲ့ ကိုယ်ရှိတယ်"

"အင့် မကြောက်ပါဘူး"

---
လတ်ဆိုင်း ဆိုင်းခမ်ကိုတော်တော်စိတ်ပူနေပြီဖြစ်သည်။
အရူးသွားဖမ်းမယ်ဆိုပြီး ထွက်သွားတာ ခုထိမပြန်လာသေးဘူး။ ထွက်သွားတာလည်း ကြာနေပြီမဟုတ်လား။
သူနောက်ဆုံးမနေနိုင်ဘဲ ဆိုင်းခမ်ကိုသွားရှာဖို့ ဆုံးဖြတ်လိုက်သည်။ သူအရင်ဆုံး ခန့်ထွန်းဆီအရင်သွားလိုက်သည်။

" အဆင်ပြေပါ အဲလောက်မပူလည်းရတယ်"

"မပူလို့ရမလား !ထွက်သွားတာလည်း ကြာနေပြီ!"
လတ်ဆိုင်းစိတ်တိုတိုနဲ့ပြောလိုက်တော့ ခန့်ထွန်းတစ်ယောက် ကြောက်ကြောက်နဲ့ပြန်ပြောလိုက်ပါသည်။
"အေးပါ သွားရှာကြတာပေါ့"

ဒီလိုနဲ့နှစ်ယောက်သား ထွက်သွားသည်။ ဖုန်းခေါ်ကြည့်တော့ လိုင်းကမမိ သူတို့နှစ်ယောက် လမ်းလျှောက်ရင်း ဖုန်းလိုင်းမိမမိ ရှာကြည့်လိုက်သည်။

"ဆိုင်း မိပြီ ဒီကိုလာ"

"အေးအေး"

"တကယ်ဘဲဟ "

"မြန်မြန်ခေါ်ကြည့်"

လတ်ဆိုင်း ဆိုင်းခမ်ကို ဖုန်းခေါ်လိုက်သည်။မကြာမီ ဖုန်းကိုင်လာသည်။

ကျွန်တော့်ရဲ့ ကိုကိုပိုင်Where stories live. Discover now