အပိုင်း ၅

23 1 0
                                    


ဒီနေ့မိုးရွာသည်။
မိုးကောင်းကင် တစ်ခွင်လုံး မှောင်မဲနေသည်။
ဆိုင်းခမ် ပြတင်းပေါက်ဖွင့်ထားပြီး ကောင်းကင်တစ်ခွင်ကို တစ်စိမ့်စိမ့် ကြည့်နေမိသည်။
သူ့ အဖေနဲ့အမေကို လွမ်းသည်။
video call ခေါ်ဖို့ကျ အင်တာနက် လိုင်းမကောင်းဘူး။
ဖုန်းလိုင်းတောင် တခါတလေ ကောင်းလိုက် မကောင်လိုက်နဲ့ ဒီမှာရှိနေတဲ့သူတွေတောင် အချင်းချင်း ဖုန်းခေါ်ဖို့တောင် ခက်ခဲလှသည်။ဆိုင်းခမ် ဟိုတွေး ဒီတွေးရင်းနဲ့ အိပ်ပျော်သွားသည်။

သူနိုးလာတော့ ညနေပိုင်း ရောက်နေပြီဖြစ်သည် ။ မိုးတော့ ရွာနေတုန်း တိတ်မည့် အရိပ်အရောင်မ‌တွေ့ရ။
သူအောက်ဆင်းပြီး မီးဖိုချောင် ထဲ ဝင်လိုက်တော့ ဦးလေး၊ဦးခန့်ထွန်း ၊ရှိန်မြတ်ပိုင် သုံးယောက်
ထိုင်ပြီး စကားပြောနေကြသည်ကို တွေ့လိုက်ရသည်။
သူဝင်လာသည်ကို ဦးလေးက တွေ့တော့
"လာ လာ ထိုင် ဆိုင်းခမ် ဗိုက်ဆာပြီလား ဦးလေးပြင်ပေးမယ်လေ"

"အင့် ဆာပြီ အဒွေကော"

"ဦးလေး လည်းမသိဘူး "

"အွန့်"

"စားတော့မလား "

"ဟင့်အင့် ခနနေမှ စားလိုက်မယ်"

ရှိန်မြတ်ပိုင် ကောင်လေးပိုကြည့်လိုက်သည်။
ခုမှ အိပ်ယာထ ထားလို့ နေမှာ ဆံပင်တွေ ထိုးထိုး ထောင်ထောင်နဲ့ ပါးနှစ်ဖက်က ပန်းရောင်သန်း လို့ သူအဲ့ဒီက ပါးလေးတွေကို ဖျစ်ညစ်ချင်မိသည်။

ရှိန်မြတ်ပိုင်"ဆိုင်းခမ်ကို ကိုယ်အကူအညီတောင်းချင်လို့"

ဆိုင်းခမ် "အင့် ပြောကြည့်လေ"

ဦးလတ်ဆိုင်း " စကားပြောနေကြနော် ငါတို့နှစ်ယောက် ငါးသွားမျှားမလို့"

ဆိုင်းခမ် "ဦးလေးကလည်း မိုးရွာနေတယ်လေ "

ဦးလတ်ဆိုင်း" ခဏဘဲ "

ဦးခန့်ထွန်း"စိတ်မပူနဲ့ မင်းဦးလေးကို ငါစောင့်ရှောက်မှာပါ"

"......အင့် ......"
ဦးခန့်ထွန်း ‌အပြောကြား‌ေတာ့ဆိုင်းခမ်တစ်ယောက် စိတ်ထဲပြောလိုက်မိသည်။
'ခင်ဗျား ပါမှ ပိုတောင် စိတ်ပူလာတယ်လို့ '

ကျွန်တော့်ရဲ့ ကိုကိုပိုင်Where stories live. Discover now