အပိုင်း ၄

16 2 0
                                    


သူတို့ စောင့်နေတာ ၃ု၄မိနစ်ရှိနေပြီဖြစ်သည် ။
ဆိုင်းခမ် ဆို စောင့်ရတာ ပျင်းလွန်းလို့ အိပ်တောင် အိပ်ချင်နေပြီဖြစ်သည်။
ဆိုင်းခမ် သူ့လိုများဖြစ်နေမလားလို့ ထို
အကိုကြီး(ရှိန်မြတ်ပိုင်)ကို ကြည့်လိုက်သည်။

ည ဇီးကွက်လို ဘလင်းဘလင်းထနေတဲ့
မျင်လုံးတွေနဲ့သာ ဆုံလိုက်ရသည်။
'အကိုကြီးရယ် ဘာကိုဒီလောက်တောင် စိတ်လှုပ်ရှားနေတာလဲ ၃၄မိနစ်လုံး စိတ်လှုပ်ရှားနေခဲ့တာလား'
"ဟေ့ အကိုကြီး ခင်ဗျား မပျင်းဘူးလား"

ရှိန်မြတ်ပိုင် ဆိုင်းခမ်ကို လှည့်ကြည့်ကာ
"ဟမ် ကိုယ်လား"

ဆိုင်းခမ်တစ်ယောက် ထိုအကိုကြီးကို' ငတုံးလား' ဆိုတဲ့အကြည့်နဲ့ကြည့်လိုက်သည်။
' ကျွန်တော်မျက်နှာမူနေတဲ့အရပ်မှာ ခင်ဗျားဘဲရှိတာလေ
ခင်ဗျား မဟုတ်ရင် ဘယ်သူလဲ သရဲလား'
"အင့်! ခင်ဗျား"

" မပျင်းဘူး ဆိုင်းခမ် ပျင်းလို့လာ:"

"ပျင်းလွန်းလို့ အိပ်တောင်အိပ်ချင်လာပြီ မျက်လုံးတွေတောင် စပ်............."

ဘုန့်!!! ဘုန့်!!!
သူစကားမဆုံးမီ အချက်ပေးသံတွေက တဘုန်းဘုန်း နဲ့ တစ်ရွာလုံးဆူညံလာခဲ့၏။

ခေါင်းဆောင်က အမြန်ထရပ်လိုက်ပြီး

"ငါနဲ့အရိန်း သွားကြည့်လိုက်မယ် ဆိုင်းခမ်နဲ့ အဲ......."

"ရှိန်မြတ်ပိုင်ပါ"

"အဲ ညီ ရှိန်မြတ်ပိုင် နှစ်ယောက် က ဒီမှာနေခဲ့ သတိနဲ့နေနော်
လာ သွားမယ် အရိန့် လာဆို! ဘာတွေလျှောက်လုပ်နေတာလဲ"

လက်အငြိမ်းမနေဘဲ ဓာတ်မီးကလိနေတဲ့ အရိန့်တစ်ယောက်
"ခေါင်းဆောင် ဓာတ်မီး မီးမလင်းတော့ဘူး"

"မင်းလုပ်လိုက်လို့ ပျက်သွားတာ မဟုတ်ဘူးလား"

"ခဏ!  ဓာတ်ခဲ ပြောင်းပြန်ထည့်တာလားမသိဘူး"

"အေးအေး မြန်မြန်လုပ်ကြည့်"

အရိန့် တစ်ယောက် ‌လုပ်ကြည့်ပြီး သနားစရာမျက်လုံးနဲ့ခေါင်းဆောင်ကိုပြောလာသည်က
"ခေါင်းဆောင် ဓာတ်မီးပျက်သွားပြီ"

"မင်း ! အရေးကြီးမှ လာ  လသာတယ်  အငြိမ်းမထားနိုင်တဲ့လက်ကို ချည်ထား"

ကျွန်တော့်ရဲ့ ကိုကိုပိုင်Where stories live. Discover now