ကချင်ပြည်နယ်မှာရှိတဲ့ တောင်ပေါ်ဒေသ တစ်ခုမှာပေါ့ကွယ် အလွန်ကိုအေးချမ်းပြီး နေချင်စရာကောင်းတဲ့နေရာတစ်နေရာရှိသည်။ တောင်တန်းတွေကိုမော့ကြည့်လိုက်မယ်ဆိုရင်တော့ စိမ်းလန်းစိုပြေနေတဲ့ စပါးခင်းတွေကိုတွေ့ရမှာဖြစ်ပါသည် ။ လူဦးရေတော့ သိပ်တော့ မများပေ ။ မများရသည့်အကြောင်းအရင်းကတော့ လမ်းပန်းဆက်သွယ်ရေးခက်ခဲသောကြောင့်ဖြစ်သည်။
အင်တာနက်လိုင်းမမိတော့ ခု ခေတ်လူငယ်တွေဟာ ပိုတောင်မနေချင်ကြပေ။အိမ်အများစုက ထရံအိမ်ဖြစ်သည်။
ဆိုင်းခမ့် အဘွားအိမ်က ဝါးရော ပျဉ်ရောနဲ့ပါဆောက်
ထားသည်။ နှစ်ထပ်အိမ်ဖြစ်ပြီး အောက်ထက်မှာဆို ထိုင်စရာ ဝါးလုံးတွေနဲ့လုပ်ထားတဲ့ ထိုင်ခုံနဲ့စားပွဲရှိသည်။ အောက်ထပ်မှာ ဘာ ဘာ ညာညာ ထားဖို့ အခန်းတစ်ခုထားတယ် အပေါ်ထပ်မှာတော့ အခန်းသုံးခန်းရှိသည်။ဧည့်ခန့်မှာဆို ပြတင်းပေါက် အကြီး နှစ်ခု၊သူ့အခန်းက ကျဉ်းတယ် ကုတင်မရှိပေ။ အိမ်ယာ စားပွဲပုတစ်ခု၊ ဗီရိုမရှိ သံသေတ္တာရယ် မှန်အသေးရယ်၊ ထည့်စရာ သေတ္တာအသေးတစ်ခု၊ ပြတင်းပေါက် နှစ်ပေါက် ။ ပြတင်းပေါက် အပြင်ဘက်ကြည့်လိုက်မယ်ဆိုရင် လမ်းကျဉ်းလေးတစ်ခုရယ် အိမ်အနည်းငယ် ၊ စိုက်ခင်းခြံရယ်၊ ရေတွင်းရယ် ရေချိုးခန်းရယ် အိမ်သာရယ်ပေါ့ ။
........
ဆိုင်းခမ် ဆိုသည့် ကောင်လေးဟာ ဒီရွာထဲရောက်နေတာ ခြောက်လ ကျော်ကျော် ရှိပြီဖြစ်သည်။
ကျွန်တော်ဒီရွာထဲ စရောက်တော့တကယ်ခက်ခဲရတယ်။ နောက်တော့ ရွာထဲလူငယ်တွေနဲ့ခင်မင်ရင်းနှီးလာတော့ ဒီရွာကပျော်စရာကောင်းကြောင်းသိလာခဲ့ရတယ်။ ကျွန်တော်ဒီကိုရောက်လာရတဲ့အကြောင်းကတော့ ....."ခမ့် မင်းက ယောင်္ကျားလေးပါ "
ဟုတ်ပါတယ်ကျွန်တော်က ယောင်္ကျားစစ်စစ်မဟုတ်ပါဘူး။ လိင်တူနှစ်သက်တဲ့သူပါ။
ရှင်းရှင်းပြောရရင်တော့ "ဂေးပေါ့"
"ပါး ကျွန်တော် ..""တော်..မင်းမိန်းမယူရမယ်"
ကျွန်တော်အတွက်မိန်းမယူရမယ်ဆိုတာက တကယ်ကို မဖြစ်နိုင်တဲ့ကိစ္စ။ ယူလိုက်တော့ရော မင်္ဂလာဦးညကို ဘယ်လို ဖြတ်သန်းကြမလဲ။ပြီး တော့ တစ်ဖက်မိန်းကလေးက နစ်နာသူဖြစ်သွားမှာပေါ့။
ကျွန်တော့် လုံးဝလုံးဝ မယူနိုင်ပေါင်။
YOU ARE READING
ကျွန်တော့်ရဲ့ ကိုကိုပိုင်
Short Storyမိန်းမ မယူချင်လို့ ရွာမှာနေ နေရသူ နဲ့ ဘဝ ကို အေးချမ်းစွာ ဖြတ်သန်းလိုသူ နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်း (ပထမဆုံး ရေးသားခြင်း၊ စိတ်ကူယဉ်သက်သက်သာ ရေးထားခြင်း ဤဇာတ်လမ်းတွေပါဝင်သော နေရာ ဇာတ်ကောင် စသဖြင့် အားလုံးသည် ရေးသူ၏ စိတ်ကူးသက်သက်သာ ။ )