အပိုင်း ၁၂

16 2 0
                                    

အရိန်းတစ်ယောက် ဆိုင်းခမ်ကို သူနဲ့ငါးသွားမျှားဖို့ ဆွယ်နေ၏။
"လုပ်ပါကွာ ဟိုမှာမျှားရင်ငါးတအားရတာ"

"မရဘူး ငါခဏနေရင် ဆိုင်သွားရမှာ"

"ဟွန်းးးး မသွားချင်ဘူးဆိုတော့လည်း အတင်း
မခေါ်‌တော့ဘူး"
အရိန်း သက်ပြင်းတစ်ချက်ချလိုက်ရင်း
"ငါးကတော်တော်ကိုကြီးတာ ကင်စား ကြော်စားရင်‌ ဟူးး ရှယ်ဘဲဟာကို ဟူးး နှမြောစရာဘဲ"
သူပြောပြီး တော့ ဆိုင်းခမ်မျက်နှာကို အကဲခတ်နေလေသည်။
သူသိတာပေါ့ ဆိုင်းခမ်က ငါးကင် ငါးကြော်ဆို တအားကြိုက်တာကိုး
သူထင်တဲ့အတိုင်းဘဲ ဆိုင်းခမ်မျက်လုံးက ဝင်းပသွားလေသည်။

"ဟက်!! တကယ်လား မင်းအဖော်ရအောင်ငါလိုက်ပေးမယ်လေ"
ငါးကြော် ငါးကင် ငါ့အကြိုက် ငါ့အကြိုက်

"သွားမယ် "

"အေး!!ငါ ဆိုင်ကိုမလာတော့ကြောင်း သွားပြောရအုံးမယ်"

"အေး သွားကြမယ်"

--
ရှိန်မြတ်ပိုင်တစ်ယောက် ပစ္စည်းတွေ စီရင်းအလှုပ်ရှပ်နေ၏။သူ ဆိုင်းခမ်ကို မြင်တော့ ရှုပ်နေသည့်အလုပ်တွေကို ဒီတိုင်း ထားလိုက်သည်။

"ခမ့်"

"အင့်...ဟို ကျွန်တော် ဒီနေ့ဆိုင်စောင့်မကူတော့ဘူး"

"ဘာလို့လဲ"

"ငါးသွားမျှားမလို့"

"ကိုယ်လည်း လိုက်မယ်"

"ဆိုင်က "

"ဆိုင်လား မလိုဘူး ဦးလေးက ခဏနေရင် လာခဲ့မှာတဲ့"

"ကောင်းပြီ"

အရိန်း ဦးဆောင်ရာအတိုင်း သူတို့နှစ်ယောက်လိုက်သွားကြသည်။ ခဏနေရင်တော့ မြစ်လည်းမရှိချောင်းလည်းမရှိနေရာကိုရောက်လာတော့
"အရိန်း ဘယ်မှာလဲ ငါးက"

အရိန်းတစ်ယောက် တစ်နေရာရာကို လက်ညိုးထိုးပြလိုက်သည်။ ဆိုင်းခမ်ကြည့်လိုက်တော့ ကန်တစ်ခု ထိုကန်က အတော့်ကိုကြီးသည်။

အရိန်း ခပ်ဟဟရယ်လာပြီး
"အဲကန်မှာငါးတွေရှိတယ်"

".........." ဒီကောင်!! ငါးခိုးမျှားဖို့ကြံနေတာဘဲ

ကျွန်တော့်ရဲ့ ကိုကိုပိုင်Where stories live. Discover now