အပိုင်း (၄၀) Unicode

642 107 27
                                    

ရှောင်းကျန့် အိပ်ရာထက်မျက်လုံးများမှိတ်ထားလျက် ခန္ဓာကိုယ်ကိုတစ်ပတ်လှည့်လိုက်သည့်အခိုက်ရင်ထဲလှပ်ခနဲဖြစ်၍ လန့်ပြီးနိုးလာ​၏။အိပ်ရာ​၏အတွင်းပိုင်း၌ ဝင်အိပ်ခဲ့သော်ငြား ဘယ်အချိန်ကတည်းက သူ​၏ကိုယ်မှာရွေ့လာသည်မသိ၊တစ်ဖက်ခြမ်း၌ခံထားပေးမည့်သူမရှိသည့်အခါ အိပ်ရာနှင့်ဆက်နေသော လှေကားသုံးထစ်မှ လိမ့်ကျတော့မလိုဖြစ်ခဲ့တာဖြစ်​၏။

မနက်လည်းရောက်နေပြီဖြစ်၍ ရှောင်းကျန့်ဆက်မအိပ်တော့ဘဲ အိပ်ရာထက်ထထိုင်လိုက်သည်။

ရှောင်းကျန့်​၏စိတ်ထဲအင်မတန်လွတ်လပ်ပေါ့ပါးနေသည်။ခါတိုင်းဆိုလျှင်သူ​၏မျက်နှာသည်တံတိုင်းကဲ့သို့မာကြောသောရင်ဘတ်ကိုမျက်နှာအပ်၊သူ​၏ခန္ဓာသည် သန်မာသည့်လက်များကြားရစ်နှောင်ပတ်လျက်၊စိတ်ကျဉ်းကျပ်လွန်းစွာနိုးထခဲ့ရတာဖြစ်​၏။

ယခုအခါတွင်တော့ အနှောင်အဖွဲ့များကင်းရှင်းသည် သာမက၊ မမြင်ချင်သည့်မျက်နှာကို မမြင်ရဘဲ နိုးထလာရခြင်းကြောင့် မနက်ခင်းသည်အင်မတန်သာယာပြီးကျက်သရေအဖြာဖြာနှင့်ပြည့်စုံသည်ဟု ခံစားနေရခြင်းဖြစ်​၏။

"ရွှီ..."

ရှောင်းကျန့် ခြေလက်များကို အကြောအခြင်ဆန့်တန်းပြီးနောက် အိပ်ဆောင်ထဲမှာရှိနေသော ကုကူလေးကိုလေချွန်သံလေးဖြင့်ခေါ်လိုက်သည်။ရှောင်းကျန့်နည်းတူပင် လွတ်လပ်ခြင်း​၏အရသာကို သိနေသည့်အလားအိပ်ဆောင်ထဲခုန်ပေါက်လို့နေသည့် ကုကူမှာလည်း ခေါ်သံကြားသည်နှင့်တောင်ပံအစုံကိုတဖျတ်ဖျတ် ခတ်၍ပျံသန်းလာ​၏။

"ကျန့်ကျန့်...ကျန့်ကျန့်..."

သူ​၏နှာခေါင်းထိပ်လေးကို နှုတ်သီးဖျားလေးနှင့်ကျီဆယ်လို့နေသည့် ကုကူကြောင့်ရှောင်းကျန့်ပြုံးလိုက် သည်။တစ်ယောက်စကားတစ်ယောက်နားလည်သကဲ့သို့ အပြန်အလှန်ပြောနေကြရင်း...

"လူယုတ်မာ...ငရဲကျမယ့်လူ..."

ကုကူ​၏နှုတ်၌စွဲမြဲနေပြီဖြစ်သည့်အခေါ်အဝေါ်တချို့ထွက်ပေါ်လာသည့်အခါ...

"ငရဲကျမယ့်လူလား...မရှိဘူး...ငရဲတွင်းနက်အောင် သွားထပ်တူးနေတယ်...သတိရနေရင် လိုက်သွား..."

Ineluctable Where stories live. Discover now