အပိုင်း(၆) Unicode

743 85 6
                                    

ကားပေါ်မှဆင်းလိုက်သည်နှင့်ပင်လယ်​၏အငွေ့အသက်သည်ရှောင်းကျန့်​၏မျက်နှာနုနုကို လာရောက်ကျီဆယ်သည်။

ပင်လယ်​၏ရနံ့သည် ပန်းရနံ့များကဲ့သို့သင်းပျံ့နေခြင်းမဟုတ်။ပင်လယ်သတ္တဝါတို့​၏အနံ့အသက်နှင့်အတူ ဆားဓာတ်ပါဝင်သည့်အနံ့အသက်တို့ပေါင်းစပ်နေခြင်းဖြစ်ရာ လူအများစုအတွက်မနှစ်မြို့ဖွယ်ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ရှောင်းကျန့်အတွက်မူ စိတ်ချမ်းမြေ့ခြင်းဟူသည့် ခံစားချက်ကိုပေးစွမ်းနေခြင်းဖြစ်သည်။

ပင်လယ်ကြီးကိုသူချစ်သည်။ပင်လယ်မှမဟုတ်၊ ကောင်းကင်ပြာပြာနှင့် ကုန်းမြေလှလှတို့ကိုလည်းသူချစ်သည်။အဓိက က သဘာဝတရားကြီးကိုသူမြတ်နိုးပြီး၊သဘာဝတရားမှဖန်ဆင်းပေးထားသည့်သတ္တဝါများထဲတွင် လူသတ္တဝါများမှလွဲ၍ ကျန်သည့်ကြီး၊လတ်၊မြတ်မရွေး သတ္တဝါလေးများကိုသူတန်ဖိုးထားတာဖြစ်သည်။

အကယ်၍များသူအသက်အရွယ်ရလာသည့်နောင်တစ်ချိန်တွင်စိတ်ကူးပေါက်ပါက သူသည်တိုကျိုမြို့ကိုစွန့်၍ တစ်ယောက်တည်းဟော်ကိုင်းဒိုး၌ သွားနေလိုက် တော့မည်ဖြစ်​၏။

ရှောင်းကျန့် ထိုသို့မည်သူမှမပါဝင်သည့်သူ​၏အနာဂတ်အစီအစဉ်အကြောင်းတွေးနေမိစဉ်မှာပင်ခြေလှမ်းကျဲတို့ဖြင့်လျှောက်နေသည့်ဝမ်ရိပေါ်​၏ပုံရိပ်တို့သည်သူ့မျက်လုံးထဲသို့မဖိတ်ခေါ်ဘဲဝင်ရောက်လာ​သည့် အခါ ချက်ချင်းကိုအကြည့်လွှဲလိုက်သည်။

အဖြူရောင်ဝတ်ထားသည့် ရှောင်းကျန့်သည် အနက် ရောင်ဝတ်ထားသောစံပယ်နက်ဂိုဏ်းသားများအလယ်တွင်တစ်ယောက်တည်းပေါ်လွင်နေသလို၊အနက် ရောင်ဝတ်ထားသည့်ဝမ်ရိပေါ်သည်လည်း အဖြူရောင်ဝတ်ထားကြသောခြင်္သေ့ဖြူဂိုဏ်းသားများကြား ၌တစ်ဦးတည်းပေါ်လွင်နေကာ လက်ရှိအနေအထားသည် "ယင် ယန်" ဓာတ်ကိုဖော်ဆောင်နေသကဲ့သို့ဖြစ်​နေတော့​၏။

အဖြူရောင်ဝတ်ထားသည့် ရှောင်းကျန့်သည် အနက် ရောင်ဝတ်ထားသောစံပယ်နက်ဂိုဏ်းသားများအလယ်တွင်တစ်ယောက်တည်းပေါ်လွင်နေသလို၊အနက် ရောင်ဝတ်ထားသည့်ဝမ်ရိပေါ်သည်လည်း အဖြူရောင်ဝတ်ထားကြသောခြင်္သေ့ဖြူဂိုဏ်းသားများကြား ၌တစ်ဦးတည်းပေါ်လွင်နေကာ လက်ရှိအနေအထားသည် "ယင် ယန်" ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
Ineluctable Where stories live. Discover now