အပိုင်း(၂၆) Unicode

783 106 27
                                    

ရှောင်းကျန့် ညစ်ညူးနေသည့်စိတ်ကြောင့် အိပ်ခန်းထဲရောက်သည်နှင့် ဦးထုပ်ချွတ်ကာတွေ့သည့်နေရာတွင်ပစ်တင်လိုက်ပြီးရေချိုးခန်းထဲတန်းဝင်သွား​၏။ကိစ္စများပြီးသွားသည့်နောက် ညအိပ်ဝတ်စုံကိုဝတ်ကာ အိပ်ရာစောင်းတွင်ထိုင်လိုက်ပြီးလျှင် ဒီယေဂိုဆီသို့ဖုန်းခေါ်လိုက်​၏။

"ဟယ်လို..."

"မင်း ဘယ်မှာနေလဲ..."

"xxxx မှာပါ...ကျန့် ကျွန်တော့်ကိုပြောစရာရှိတယ်ဆိုတာဘာများလဲ..."

"ဒီယေဂို..."

"ပြောပါ ကျန့်..."

"ငါ့အသက် ၁၆ နှစ်တုန်းက ငါ့မိဘတွေနဲ့ ငါနဲ့ကြုံခဲ့တဲ့ ယာဉ်မတော်တဆမှုကို မင်းဘယ်လိုထင်လဲ...သွေးရိုးသားရိုးလို့မင်းထင်လား..."

ရုတ်ချည်းဆန်လွန်းသည့်ရှောင်းကျန့်​၏အမေးကြောင့် ဒီယေဂိုနှုတ်ဆိတ်သွားဟန်ရှိသည်။ဆယ်စက္ကန့်ခန့် ကြာသည့်အခါမှ...

"ဘာဖြစ်လို့လဲ ကျန့်..."

"အဲ့ဒီ ယာဉ်မတော်တဆမှုက ငါတို့အခုလိုက်နေတဲ့လူနဲ့ ဆက်စပ်နေနိုင်ခြေရှိတယ်လို့မင်းမထင်ဘူးလား..."

"ကျန့်က ဘာလို့အဲ့လိုထင်တာလဲ..."

"အဲ့တုန်းက အဲ့လူဘက်ကအင်အားမမျှသေးတော့ လူလုံးမထွက်ပြဘဲ ခိုးကြောင်ခိုးဝှက်နည်းနဲ့လုပ်ကြံခဲ့တာဖြစ်နိုင်တယ်...အခုကျတော့ အင်အားချင်းတူညီပြီလို့သူယူဆထားတာဖြစ်လို့ နာမည်ကိုပါဖော်ပြီး တရားဝင်တိုက်ခိုက်ချင်တာဖြစ်မယ်...အကယ်၍အဲ့တာလုပ်ကြံမှုတစ်ခုဆိုတာမှန်ကန်ခဲ့ရင် ပြိုင်ကားသမားရဲ့background ကိုပြန်လိုက်တဲ့အခါ ရာမာရှီတာနဲ့ပတ်သက်တာတစ်ခုခုထွက်လာမယ်လို့မထင်ဘူးလား...လွန်ခဲ့တဲ့ နှစ် ၃၀ ကျော်က လက်ဖွဲ့မှာရေးခဲ့တဲ့လိပ်စာကိုဦးတည်ပြီးလိုက်မယ့်အစား လွန်ခဲ့တဲ့ ၁၄ နှစ်ကျော်ကကိစ္စနဲ့ဆက်စပ်ပြီးလိုက်တာ ပိုနီးစပ်မှုရှိမယ်မထင်ဘူးလား..."

"ကျန့်ရဲ့ယူဆချက်ကဖြစ်နိုင်ခြေရှိပေမယ့်လည်းနည်းနည်းသွေဖည်နေတယ်လို့ ကျွန်တော်ယူဆမိတယ်... ကျန့်ပြောသလို အဲ့တုန်းက သူကအင်အားမမျှသေးလို့ဆိုရင် ဘာလို့သွေးတိုးလာစမ်းရဲမှာလဲ..."

Ineluctable Where stories live. Discover now