အပိုင်း(၈) Unicode

773 90 8
                                    

"ကျန့်ကျန့်ရေ...ရွှေသမင်လေးတွေကိုအိမ်ခေါ်လာခဲ့ပြန်ပြီလား..."

တစ်ထပ်သစ်သားအိမ်လေး​၏အပြင်သို့ရှောင်းမုချန် ထွက်လာလျက်အိမ်ရှေ့၌ရွှေသမင်လေးတစ်ကောင်ကိုမြင်သည့်အခါ သူ​၏တစ်ဦးတည်းသောမြေးဖြစ်သူရှောင်းကျန့်ကိုမေးသည်။

ရှောင်းမုချန်သည်မို့လိဟွားတော​၏အကြီးအကဲဖြစ် ကာ မျက်နှာအသွင်အပြင်မှာအေးချမ်းခြင်းကိုဆောင်ကျဉ်းပြီး၊ လက်ထဲ၌လည်း အဆောင်အယောင်သဘောမျိုးဖြင့် ငြိမ်းချမ်းရေး​၏သင်္ကေတဖြစ်သော ချိုးငှက်ရုပ်လေးအားထိပ်၌ထွင်းထားသည့်တောင်ဝှေးတစ်ချောင်းကို ကိုင်ထားသေးသည်။

သူမေးလိုက်သည့်မေးခွန်းအတွက်ပြန်ဖြေသံပြန်ရောက်မလာသည်ကြောင့်မြေးဖြစ်သူကြားသည်လား၊ မကြားသည်လား ရှောင်းမုချန်မသိ။ထပ်၍မမေးတော့ဘဲ အိမ်ရှေ့သစ်ပင်ကြီးအောက်၌ အလုပ်ရှုပ်နေသည့်သူ့မြေးကိုသာပြုံးတုံ့တုံ့ဖြင့်ရပ်ကြည့်နေတော့​၏။

ရေနွေးတည်နေသည့်ရှောင်းကျန့်သည်မြေအိုးထဲမှရေများဆူပွက်လာသည့်အခါဖက်ရွက်ထဲရှိရေဆေးထားပြီးသော မှိုဖြူလေးများကိုမြေအိုးအတွင်းသို့ထည့်လိုက်သည်။စားလို့ရသည့်အစိမ်းရောင်အရွက်တချို့ကိုလည်းတစ်ခါတည်းထည့်ပြီးသည့်အခါတွင်တော့မြေအိုးကိုအဖုံးအုပ်​၏။ထို့နောက် မီးမှုတ်ပြောင်းလေးဖြင့် မီးဖိုကိုတစ်ချက်နှစ်ချက်မှုတ်လိုက်၊ ယပ်တောင်လေးဖြင့် ခတ်လိုက်လုပ်သေး​၏။

မီးဖို​၏မီးအားကောင်းလာသည့်အခါ အခုမှလောလောလတ်လတ်တူးလာဟန်ရှိသည့် လက်သီးဆုပ်ခန့်အာလူး ၃ လုံးကိုမီးဖိုထဲထည့်ကာ ပြာမှုန့်များဖြင့်ဖုံးအုပ် ထားလိုက်​၏။အချိန်တစ်ခုကြာသည့်အခါ ဟင်းအိုးမှာဆူပွက်လာပြီဖြစ်၍ မီးဖိုပေါ်မှချလိုက်ပြီးနောက်ထပ်ရေနွေးအိုးတစ်ခုတည်လိုက်​၏။ထိုရေနွေးအိုးပါဆူလာပြီဖြစ်သည့်အခါတွင်တော့လက်ဖက်ခြောက်ခပ် ကာ၊ မီးပုံထဲထည့်ဖုတ်ထားသည့်အာလူးများကိုလည်းပြန်ဖော်လိုက်တော့​၏။

"နေ့လယ်စာစားကြမယ်လေ အဘိုး..."

မြေအိုးလေးများနှင့် အာလူးမီးဖုတ်လေးများကိုခေါက်တုံ့ခေါက်ပြန်သယ်ပြီး အိမ်အတွင်းရှိသစ်သားစားပွဲလေး၌ ခင်းကျင်းပြီး ခေါ်နေသည့်ရှောင်းကျန့်ကြောင့် ရှောင်းမုချန် ဝင်ထိုင်လိုက်သည်။လူကြီးကိုရိုသေသိတတ်စွာဖြင့် အဆင်သင့်ခူးခပ်ပေးသည်သာမက၊ အာလူးမီးဖုတ်လေးများကိုပင်ခွာပေးနေသည့်ရှောင်းကျန့်အား...

Ineluctable Where stories live. Discover now