အပိုင်း(၂) Unicode

709 93 7
                                    

ရှန်တိတ်ဟိုတယ်​Luxury suite​၏မှန်နံကို မှီ၍ ရပ်ကာ ဟောင်ကောင်​မနက်ခင်းအလှတရားတို့အားဝိုင်တစ် ခွက်ဖြင့်ခံစားရင်း ပြုံးယောင်သန်းနေသည့်ရှောင်းကျန့်ကို ဒီယေဂိုမေးလိုက်သည်။

"စိတ်ပျော်စရာများရှိနေလို့လား..."

ရှောင်းကျန့်နှစ်လိုဖွယ်တစ်ချက်သာပြုံးပြီး သူ့အတွေးနဲ့သူနှုတ်ဆိတ်၍နေသည်။

ဟောင်ကောင်မြေနဲ့သူဓာတ်တည့်၍ထင်သည်။

မနက်တိုင်းမင်္ဂလာမရှိစွာဖြင့်မြင်မက်လေ့ရှိသည့် အိပ်မက်များကို ထူးခြားစွာ ဒီနေ့မနက်သူမြင်မက်ခဲ့ခြင်းမရှိသည်ကြောင့် စိတ်ချမ်းသာစွာဖြင့်နိုးထလာရပြီး၊ဒီရက်ပိုင်း အမြဲတမ်းလိုလိုကိုက်ခဲတတ်သည့် ညာဘက်လက်သန်းလက်ဆစ်သည်လည်း မည်သည့်ဝေဒနာမှမခံစားရသည့်အခါစိတ်နှလုံးလွန်စွာချမ်းမြေ့နေခြင်းဖြစ်​၏။

"ဟောင်ကောင်သားတစ်ယောက်နဲ့ယူပြီး ဒီမှာပဲအခြေချလိုက်ရင်ကောင်းမလား..."

ရှောင်းကျန့်ထံမှ ထိုသို့စကားမျိုးထွက်လာခြင်းသည်ပထမဦးဆုံးဖြစ်သည်ကြောင့် ရှောင်းကျန့်​၏မျက်နှာကို ဒီယေဂိုကြည့်သည်။ဘာရည်ရွယ်ချက်ဖြင့်ပြောနေမှန်း ခန့်မှန်း၍မရသော်လည်း စနောက်ပြီးပြောသည်ဖြစ် စေ၊ အတည်ပြောသည်ဖြစ်စေ ဒီယေဂို​၏ရင်ထဲဖော်မပြနိုင်အောင် တင်းကြပ်သွားရ​၏။

"အသက်သုံးဆယ်ဆိုတာ အရမ်းမငယ်တော့ဘူးလေနော်...ငါ့ဘေးမှာ လက်တွဲဖော်တစ်ယောက်လောက် တော့ရှိသင့်နေပြီမဟုတ်ဘူးလား..."

မှန်နံရံ၌ထင်ဟပ်နေသည့် ဒီယေဂို​၏မျက်နှာရိပ်ကိုရှောင်းကျန့် ကြည့်၍မေးကာ၊ ဒီယေဂိုနှင့်မျက်နှာချင်းဆိုင်လိုက်၍ ဒီယေဂို​၏ပုခုံးတစ်ဖက်ထက် ဝိုင်ခွက် မကိုင်ထားသည့် လက်ကိုတင်လိုက်​၏။သူ့မျက်ဝန်းများကို ဒီယေဂိုရှောင်လွှဲကာမျက်လွှာချထားသည့်အခါ...

"ဟင်...ဟုတ်တယ်မလားလို့..."

"ကျန့်ရဲ့စိတ်၊ ကျန့်ရဲ့သဘောပါပဲ...ကျွန်တော့်မှာတားမြစ်ပိုင်ခွင့်မရှိပါဘူး..."

ဒီယေဂို​၏ တိုတိုပြတ်ပြတ်အဖြေများကြောင့် ရှောင်းကျန့် ရယ်လိုက်မိပြီး ဒိီယေဂိုပုခုံးထက်မှသူ့လက်ကိုပြန်ဖယ်လိုက်သည်။ထို့နောက်ဘာစကားမှဆက်မဆိုတော့ဘဲ အိပ်ရာဘေးသို့လျှောက်သွားကာ၊ခန္ဓာကိုယ်ထက်မှရေချိုးဝတ်စုံကိုဖယ်ရှားလိုက်၍၊ ဝတ်ဖို့ထုတ်ထားသည့် အဝတ်အစားများကို ဝတ်ဆင်လိုက်​၏။

Ineluctable Where stories live. Discover now