အပိုင်း(၃၈) Unicode

679 105 39
                                    

ကားအနောက်ခန်းတွင်နှစ်ဦးသားကြားလူသုံးယောက်ခန့်ဝင်ထိုင်နိုင်သည်အထိကွာဟနေသည်။မော် တော်ဘုတ်စီးခဲ့စဉ်ဝတ်ခဲ့သည့် ဝမ်ရိပေါ်​၏ကုတ် အင်္ကျီကိုလည်းရှောင်းကျန့်ပြန်ချွတ်ကာခေါက်ပြီးအလယ်မှာချထားသည်မှာအကာအကွယ်စည်းတစ်ခုလိုဖြစ်လို့နေ​၏။

ကားဘီးစလှိမ့်ကတည်းကထောင့်ကပ်ပြီးပြတင်းပေါက်ဘက်ကိုပဲမျက်နှာလှည့်ထားခဲ့သည်ကြောင့် ရှောင်းကျန့်ဇက်ညောင်းနေပြီဖြစ်သည်။ကားထဲတွင်မိုးလုံလေလုံဖြစ်နေပါလျက်၊ဦးထုပ်ကိုလည်းမျက်နှာလုံအောင်ဆွဲချထားသေးသည်။ကျိန်းသေသည်ကဘေးကလူနဲ့မျက်လုံးချင်းဆုံဖို့ သူမျက်နှာပူနေသေးသည်။ရည်းစားစကားပြောခံရတာလည်းမဟုတ်ဘဲနဲ့ ဒီတိုင်းတွဲကြဖို့ပြောတာလေးကို သူ့မှာဘာတွေဖြစ်နေတာလဲ။

"ဖိတ်စာအရောင်နဲ့ ဒီဇိုင်းတွေကို mail ပို့ထားတာစစ်ပြီးပြီလားခင်ဗျ..."

အရှေ့ခန်းမှာကားမောင်းနေရင်း အနောက်ခန်းမှာရှိနေသည့် ဝမ်ရိပေါ်ကို ပြောလာသည့်ခွန်းလျန်​၏စကားကြောင့် ရှောင်းကျန့်နားရွက်ဖျားတို့စွင့်ခနဲဖြစ်သွားသည်။ခွန်းလျန်ကဆက်ပြီး...

"နံပါတ် ၁၃ မှာပြထားတဲ့ဒီဇိုင်းလိုမျိုး ဖိတ်စာတစ်ခုလုံးအဖြူရောင်တွေချည်းပဲဆိုရင်ပိုတင့်တယ်မယ်ထင်မိပါတယ်..."

ခွန်းလျန်နှင့်ဝမ်ရိပေါ်​၏အပြန်အလှန်ပြောနေသောစကားများအောက်မှာရှောင်းကျန့်နေရထိုင်ရသည်မှာတစ်မျိုးဖြစ်လာသည်။အတိအကျပြောရရင်အဲကွန်းကားပေါ်မှာချွေးထပ်ပြန်လာသလိုဖြစ်​၏။

"ဖိတ်မယ့်လူစာရင်းတွေကိုလည်းတစ်ချက်စစ်ပေးပါဦး...ထပ်ထည့်ဦးမလား ဒီလောက်ပဲ လုံလောက်ပြီလား..."

ရှောင်းကျန့်ဘယ်လိုမှမနေနိုင်တော့။မပြောချင်လို့ဒီတိုင်းနားထောင်နေတာကို ဖိတ်မယ့်လူစာရင်းတွေအထိထည့်သွင်းပြောနေခြင်းသည်အင်မတန်တရားလွန်လာပြီဖြစ်သည်။ဒီလူတွေက အကုန်လုံးကိုတစွတ်ထိုးလုပ်နေတော့တာပဲ။တွဲဖို့ဆန္ဒရှိလားလို့ မေးခဲ့တာ တစ်နာရီပင်မပြည့်သေး။သူ့ဘက်ကလည်းဘာအဖြေမှပြန်မပေးရသေးတာကို ဖိတ်စာတွေရိုက်တဲ့အထိလုပ်နေတာကအရမ်းကိုအဆင့်တွေကျော်နေတာမဟုတ်လား။

Ineluctable Where stories live. Discover now