အပိုင်း(၃၀) Zawgyi

50 5 0
                                    

"ဒီမှာ ဘယ်သူ့ဆီကနေ စီးကရက်ထက်ပိုကောင်းတဲ့ပစ္စည်းတချို့ရနိုင်မလဲ..."

ကုန်စုံဆိုင်၌ ဒီယေဂိုစီးကရက်ဝင်ဝယ်ဟန်ပြုပြီးငွေချေချိန်၌မေးလိုက်သည့်အခါဆိုင်ပိုင်ရှင်သည်ဒီယေဂိုကိုကြည့်သည်။သူ့ကုန်စုံဆိုင်ရှိရာသို့တစ်ခါတစ်ရံလာလေ့ရှိသည်ကြောင့်မျက်မှန်းတန်းမိသော်လည်း ဒီလိုစကားမျိုးတစ်ခါမှမပြောဖူးသည့်အခါ အကဲခတ်နေတာဖြစ်သည်။ဒီယေဂို​၏ပုံမှာလည်းဒီလိုပတ်ဝန်းကျင်မျိုး၌ ကြီးပြင်းလာသည့်ပုံမျိုးပေါက်နေသည့်အခါ...

"ဒီကိုမပြောင်းလာခင် ဘယ်ကနေလာတာလဲ..."

"xxx ကပါ...အဲ့နေရာက ဂျလေဘီတွေနေတဲ့နေရာအဖြစ်တော့ ကျော်ကြားတာပဲ..."

ဒီယေဂို​ပြောရင်း စီးကရက်ကိုမီးညှိ၍သောက်လိုက်​၏။တမင်တကာအသွင်ယူထားသော်လည်းအမေရိကန်တစ်ဦး​၏ဟန်အပြည့်ဗန်းစကားကြွယ်ကြွယ်ဝဝသုံးနိုင်မှုနှင့်ကျွမ်းကျွမ်းကျင်ကျင်အသံထွက်များကြောင့်...

"အမေရိကန်မှာနေတာကြာပြီလား..."

"အင်း...ငယ်ငယ်ကတည်းက immigrants တွေအဖြစ် ရောက်လာခဲ့တာကြာပြီဆိုပါတော့..."

"စီးကရက်ထက်ပိုကောင်းတဲ့အရာလိုချင်ရင် ဒါနည်းနည်းပါးပါးတော့ရှိတယ်...တစ်ထုတ်ကို xxx ဒေါ် လာ..."

ဆိုင်ရှင်ကပြောပြီး ကောင်တာအောက်မှာရှိသည့်အံဆွဲကို ဖွင့်လိုက်၍အထဲမှ ဆေးခြောက်ထုပ်တစ်ခုကိုထုတ်ပြီး ဒီယေဂိုကိုကမ်းပေးလိုက်သည်။ထိုဆေးခြောက် ထုပ်ကို ဒီယေဂိုကြည့်ပြီး ခေါင်းအသာခါပြလိုက်၍...

"ဆေးခြောက်ပဲဆိုရင်တော့ မလိုအပ်ဘူး..."

ဒီယေဂို စိတ်မရှည်သည့်ဟန်ဖြင့်ဝတ်ထားသည့် hoodie လက်ရှည်အင်္ကျီကိုဆွဲတင်ကာသူ့လက်ဖျံများကို ပွတ်သပ်လိုက်​၏။လက်ဖျံသွေးကြောလိုနေရာများ၌ အပ်ရာများကဲ့သို့အမှတ်များရှိသည်ကို ဆိုင်ရှင်တွေ့ရသည့်အခါ...

"အဲ့တာထက်ကောင်းတာဆိုရင်တော့ လမ်းညွှန်ပေးလို့ရတယ်...ဒီဆိုင်ကထွက်ပြီး ညာဘက်ကလမ်းသွယ်ဘက်ကို တစ်ဆုံးဆင်းသွားလိုက်...မီးလောင်ထားတဲ့အိမ်သုံးလုံးကိုကျော်သွားရင် ဘယ်ဘက်အခြမ်းမှာ ဂျင်းဘောင်းဘီတစ်ထည်ကိုအလံထောင်ထားတဲ့ တစ်ထပ်အိမ်တစ်လုံးကိုတွေ့လိမ့်မယ်...အဲ့အိမ်မှာ Ekon Brothers လို့ နာမည်ရတဲ့ အာဖရိကန်-အမေရိကန်မိသားစုနေတယ်...သူတို့ကdealer တွေ...သတိတော့ထား လူစိမ်းတွေကိုဆို နည်းနည်းရစ်လိမ့်မယ် budget နိုင်ရင်တော့ ရပါတယ်...ဒါနဲ့ ပစ္စည်းဝယ်ရင် အဲလက်စ်လမ်းညွှန်ပေးလိုက်တာပါလို့လည်း ထည့်ပြောပေးခဲ့..."

Ineluctable Where stories live. Discover now