လမင်းလေးအားစနောက်ပြီးနောက်စားပွဲ၌ထိုင်ကာစောင့်နေလိုက်သည်။မကြာမီအချိန်၌လမင်းလေးရောက်လာသည်။လမင်းလေးဟာကျွန်မအတွက်တော့ဘုရားပေးတဲ့အကြီးမားဆုံးသောဆုလာဘ်လေးပင်။လမင်းလေးမှလွဲ၍မည်သို့သောအရာများပေးပါစေ ကျွန်မမလဲနိုင်တော့သလိုအဆုံးရှုံးလည်းမခံနိုင်တော့ပါ။ဤလောက၌သူမလေးမှလွဲ၍မည်သို့သောအရာမှကျွန်မအတွက်အရေးမကြီးတော့သလိုအရေးလည်းမပါတော့ပါ။
"စောင့်ရတာကြာသွားလားမမ"
"အင်းကြာသွားတယ်"
"ဆောရီးပါမမရယ် လရိပ်... "
"တွေ့ဆုံဖို့"
"ဟင်!! "
"လမင်းလေးနဲ့ကိုယ် အခုလိုဆုံစည်းဖို့ကြာသွားခဲ့တယ်"
"စောစောစီးစီးကြီးအဲ့သလောက်အပြောမချွေပါနဲ့လား"
"ကိုယ်ကအမှန်တွေကိုပြောတာလေ"
"ဟုတ်ပါပြီ ပူပူနွေးနွေးလေးစားကြရအောင်နော်"
"အင်း"
ချစ်ရသူနှင့်အတူစားရသောမနက်စာသည်အရင်ရက်များကမနက်စာထက်အဆပေါင်းများစွာသာအောင်စား၍ကောင်းသည်။
ထို့နည်းတူစွာချစ်သူနှင့်အတူအိပ်စက်ရသောညကလေးသည်သာမန်ညများထက်ပို၍အိပ်ကောင်းသလိုအရာရာဟာလည်းထူးကဲကောင်းမွန်လွန်းလှပါသည်။
______________"၀လ္လာ နင့်မျက်ခွက်ကပြုံးဖြီးနေတာပဲ အပ္ပများမှီနေတာလား"
"နင့်အမေကိုအပ္ပမှီရမှာလား"
"အဲ့ဆိုဘာလို့ဒီလောက်တောင်ဖြစ်နေ"
"နင်စကားပြောရင်လေရိုင်းစိုင်းနေတာပဲ လမင်းလေးနဲ့များကွာပါ့"
"ဪ လက်စသတ်တော့သူ့ကြောင့်ကိုး ကောင်မစုတ် သူများကိုရိုင်းတယ်တဲ့"
"ရိုင်းလို့ရိုင်းတယ်ပြောတာ ဘာဖြစ်လဲ"
"နင်နော်"
ဒေါက် ....... ဒေါက် .......
ခွဲစိတ်ဌာနမှူးဆရာ၀န်တိမ်၀လ္လာနှင့်သူနာပြုခေါင်းဆောင်ဆုလင်းနွေတို့အချင်းချင်းသတ်နေကြ
စဥ်တံခါးခေါက်လာသဖြင့်နှစ်ဦးသားအနေအထိုင်ဆင်ခြင်သွားကြသည်။
YOU ARE READING
ရေစက်
Random"လမင်းလေးရဲ့အနားကတိမ်စိုင်လေးဖြစ်ခွင့်ပြုပါ" {သေဆုံးသွားတဲ့လူတစ်ယောက်ရဲ့၀ိဉာဥ်ဟာအခြားခန္တာကိုယ်မှာနေထိုင်ရင်းဖြစ်ပေါ်လာတဲ့အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ။}