လရိပ် တိမ်၀လ္လာကိုတွေတွေလေး ငေးကြည့်နေမိသည်။
~ဘာလို့ဒီလောက်ထိတောင်လှရက်ရတာလဲ
"ပြောလေ ငါကမင်းလိမ်တာကိုယုံရလောက်အောင်အရူးလားလို့"
"ရှင်!! ဟင့်အင်း မဟုတ်ပါဘူး"
"မထုံတတ်သေးပုံစံလာဖမ်းမနေနဲ့။ဒီလိုဟန်ဆောင်ရုံနဲ့ငါယုံမှာမဟုတ်ဘူး"
"ဘာပြောပြောမယုံမှတော့ဘာထပ်ပြောရဦးမှာလဲ"
"တော်ပါပြီ ငါမင်းနဲ့အငြင်းမပွါးချင်ဘူး ငါ့အခန်းထဲကမြန်မြန်ပြန်"
~လူကိုခေါ်လိုက် နှင်ထုတ်လိုက်နဲ့ခွေးထင်နေလားမသိဘူး
___________"စန္ဒာတို့များနော် ခွဲစိတ်ဖြစ်သွားတာနဲ့လူကိုခေါ်တောင်မခေါ်တော့ဘူး"
"မဟုတ်ပါဘူး ဒီတိုင်းအလုပ်ရှုပ်နေလို့ပါ"
"ဟုတ်ပါပြီ"
"ဒါနဲ့စန္ဒာ ယူ့ကို ကိုဇွဲမေးနေလေရဲ့ မိုးရောတဲ့ "
~ဘယ်ကကိုဇွဲကရောက်လာပြန်ပြီလဲ
"အဲ့ဒါနဲ့တို့လည်းယူမအားလို့ ဘားကိုမလာတာပါလို့ဖြေလိုက်တယ်"
"စန္ဒာ ကိုဇွဲကနင့်ကိုအမှန်အကန်ကြီးကြိုက်နေတာနော် နင်သူ့ကိုလက်ခံသင့်တယ်"
"ဟုတ်တယ် ဖြိုးပိုင်ပြောတာအမှန်ပဲ"
"တော်ကြပါတော့ သွားတော့မယ်"
_____________"ဖွားဖွား!! ဖွားဖွားမှာလူနာစောင့်မရှိဘူးလား"
Ward ထဲလျှောက်ကြည့်နေရင်းအဖွားတစ်ယောက်ကိုတွေ့သွားသည်။ထိုအဖွား၌လူနာစောင့်မရှိ။
"ရှိတော့ရှိပါတယ်သမီးရဲ့ ဖွားဖွားရဲ့သားကဆေးအတွက်ပိုက်ဆံသွားရှာနေတာလေ"
"ကြာပြီလားဖွားဖွား"
"ဒီလိုပါပဲသမီးရယ် တစ်ခါတစ်လေနှစ်ရက်သုံးရက်လောက်ကြာတာပေါ့"
"ဟင်! "
လရိပ်အံ့သြသွားရသည်။ထိုမျှသောရက်များစွာတစ်ဦးတည်းအထီးကျန်စွာနေရသည်တဲ့လား။ခဏတာစဥ်းစားပြီးနောက်
"ဒါဆိုသမီးဖွားဖွားနားမှာထိုင်ပြီးစကားပြောလို့ရလား"
"ရတာပေါ့သမီးရဲ့ ထိုင်လေ"
YOU ARE READING
ရေစက်
Random"လမင်းလေးရဲ့အနားကတိမ်စိုင်လေးဖြစ်ခွင့်ပြုပါ" {သေဆုံးသွားတဲ့လူတစ်ယောက်ရဲ့၀ိဉာဥ်ဟာအခြားခန္တာကိုယ်မှာနေထိုင်ရင်းဖြစ်ပေါ်လာတဲ့အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ။}