ဒေါက် ... ဒေါက် ....
"ဘယ်သူလဲမသိဘူး သွားဖွင့်
ကြည့်လိုက်မိုးစန္ဒာ""လူကိုခိုင်းလည်းခိုင်းသေးတယ် လေသံမာမာနဲ့လည်းပြောတယ်
ညင်ညင်သာသာလေးပြောလို့မရဘူးလား""ဖွင့်စရာရှိတာသွားဖွင့်စမ်းပါ"
"ဘယ်လိုအထက်လူကြီးလဲကိုမသိဘူး"
တံခါးဖွင့်လိုက်သောအခါတွေ့လိုက်ရသည်မှာညနေ၃နာရီတုန်းကတွေ့သည့်ထိုအမျိုးသား။
"ဘာကိစ္စရှိလို့ပါလဲ"
"မိုးနဲ့တွေ့ချင်လို့ပါ"
~သေရော ဒီလူကဘယ်လိုလုပ်အခန်းကိုသိတာလဲ
"မိုးအနေနဲ့ question ဖြစ်နေမှာပေါ့ အခန်းကိုဘယ်လိုသိတာလဲဆိုတာ"
လရိပ် ခေါင်းငြိမ့်ပြလိုက်သည်။
"ကိုယ် မိုးအနောက်ကိုလိုက်
ကြည့်ထားတာလေ"~ဘာ!!! ဒုက္ခပါပဲ မမကတော့ငါ့ကိုအထင်လွဲတော့မှာပဲ
"ကိုယ် မိုးနဲ့မတွေ့တာကြာလို့စကားပြောချင်ရုံပါ"
"စကားပြောလို့ရနိုင်မလားဟင်""မိုးစန္ဒာ ဘယ်သူလဲ"
~oh god!! လရိပ်သေပြီပဲ
"ဟိုင်း ကျွန်တော်ကဇွဲလင်းပိုင်ပါ မိုးရဲ့အသိမိတ်ဆွေပါ ကျွန်တော် မိုးနဲ့စကားခဏလောက်ပြောလို့ရမလား"
ထိုသို့ကောင်းကောင်းမွန်မွန်မေးနေပုံကျ လူကောင်းသဏ္ဍာန်ပေါ်စေသည်။
"ရတယ် သွားပြော အခန်းရှေ့မှာလာပြောနေတာမျက်စိကိုနောက်တယ်"
"ဟုတ်ကဲ့ ကျေးဇူးပါဗျ သွားကြစို့"
လရိပ် မသွားသေးဘဲ မတိမ်၀လ္လာကိုကြည့်မိသည်။သူ့ကြည့်ရတာသွားစေချင်သည့်ဟန်။
"ဟုတ်ကဲ့ ခဏစကားပြောကြစို့"
လရိပ်နှင့်ဇွဲလင်းပိုင်တို့ ထွက်သွားကြသည်။
~မိုးစန္ဒာ မင်းကဟန်ဆောင်နေပေမယ့်အဖြေမှန်ကပေါ်လာဆဲပါလားကွာ
မျက်နှာထက်၌မဲ့ပြုံးတစ်ခုဖြစ်ထွန်းလာသည်။တစ်ဆက်တည်းမှာပဲ၀မ်းနည်းမှုအရိပ်ယောင်တွေဟာသန်းလာသည်။
أنت تقرأ
ရေစက်
عشوائي"လမင်းလေးရဲ့အနားကတိမ်စိုင်လေးဖြစ်ခွင့်ပြုပါ" {သေဆုံးသွားတဲ့လူတစ်ယောက်ရဲ့၀ိဉာဥ်ဟာအခြားခန္တာကိုယ်မှာနေထိုင်ရင်းဖြစ်ပေါ်လာတဲ့အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ။}