"၀မ်းသာပါတယ် အခြားသူတွေနဲ့"
နီနီခင်ဇော်၏အလကားပဲဟူသောသီချင်းကိုနန်း အနမ်းခံသည့်အကြောင်းပြောင်းလဲဆိုရန်လရိပ်နှင့်သူသူတို့နှစ်ဦးကြိုးစားကြသည်။
"တစ်ခြားတစ်ယောက်နဲ့နမ်း"
"တော်ကြပါတော့ကွယ် နန်းတောင်းပန်ပါတယ်"
"ဘယ့်နှယ်ရှိစဒေါ်နန်းလှစံ လရိပ်တုန်းကစခဲ့တာနန်းမဟုတ်တဲ့အတိုင်း"
"အဲ့တုန်းကအတွက်ရော အခုအတွက်ရော တောင်းပန်ပါတယ်ကွယ် နော်"
"သူသူ နန်းကိုမပြောတော့ဘူးလား"
လရိပ် သူသူအားမေးလိုက်သည်။
"ဒီလောက်စလို့ကောင်းတာကြီးကိုသူသူကလက်လွှတ်စရာလား"
သူသူ၏စကားကြောင့်နန်းမှာနှုတ်ခမ်းဆူလျက်။
"လရိပ်"
မှားစရာပင်မရှိနိုင်သောထိုအသံ။
"ဟုတ်ကဲ့မမ"
"လရိပ်အလုပ်မရှိတော့ဘူးမလား"
အမှန်ဆိုလျှင်ယနေ့ အလုပ်ကိုမရှိတာပါ။တစ်ယောက်တည်မနေချင်သည်ကတစ်ကြောင်း၊နန်းနှင့်သူသူအားပြောပြချင်သည်ကတစ်ကြောင်းကြောင့်သာဆေးရုံသို့လာလိုက်ခြင်းပင်။
"ဟုတ်"
"ဒါဆိုအိမ်ပြန်ကြစို့"
"ဟုတ်ကဲ့ တာ့တာနော်နန်းနဲ့သူသူ"
"ချစ်သူရှေ့ကျတော့တေယ်တော်ပျော်နေတယ်ပေါ့"
"ဟီးဟီး"
_____________ညနေခင်းတစ်ခု ......
ပုစွန်ဆီရောင်သန်းနေသောကောင်းကင်ကြီးထက်၀ယ်ငှက်ကလေးများပျံသန်းနေကြပုံမှာကြည်နူးဖွယ်ကောင်းလှသည်။
"မမ ဘာတွေဒီလောက်ကြည့်နေတာလဲ"
ကောင်းကင်အားလွမ်းဆွေးစွာငေးမောကြည့်ရှုနေသော၀လ္လာအားမေးလိုက်သည်။
"ဒီတိုင်းပါပဲ ရေချိုးပြီးပြီလား"
"ဟုတ် ပြီးသွားပြီ"
"မမ ဘာလို့ဒီလောက်တောင်ကြည့်နေတာလဲ"လရိပ်အားမျက်လုံးမခွါစတမ်းကြည့်နေသော၀လ္လာအားမေးလိုက်သည်။
YOU ARE READING
ရေစက်
Random"လမင်းလေးရဲ့အနားကတိမ်စိုင်လေးဖြစ်ခွင့်ပြုပါ" {သေဆုံးသွားတဲ့လူတစ်ယောက်ရဲ့၀ိဉာဥ်ဟာအခြားခန္တာကိုယ်မှာနေထိုင်ရင်းဖြစ်ပေါ်လာတဲ့အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ။}