ရေစက်(27)

809 57 2
                                    

ဌာနမှူး၏ရုံးခန်းမှခပ်မြန်မြန်တွင်ပြေးထွက်လာခဲ့သည်။ရင်မှာလည်းတဒိတ်ဒိတ်နှင့်ခုန်နေသည်။

~ဟူးးး လရိပ်တော့မမကြောင့်နှလုံးရောဂါရတော့မှာပဲ

အချိုရည်တစ်ဘူးကို၀ယ်ကာသောက်ရင်းနားနေခန်းထံသို့ပြန်လာခဲ့သည်။
နားနေခန်းရောက်သည်နှင့်လရိပ်
၏မျက်နှာမှာအတော်ပင်ပျက်သွားရသည်။

"မိုး!!မိုးကိုကိုယ်ကစောင့်နေတာ"

နားနေခန်း၌ကိုဇွဲမှလွဲ၍မည်သူမှမရှိ။
နှစ်ယောက်တည်းအတူရှိနေလျှင်မကောင်းသည်ကိုထိုသူ မသိပါစ။

"ဘာကြောင့်များစောင့်နေရတာပါလဲကိုဇွဲ"

"မနက်ဖြန်ကျရင်မိုးအားတယ်မလား"
"အဲ့တာကိုယ်နဲ့တူတူနေ့လည်စာစားပေးနိုင်မလားလို့ပါ"

ကိုဇွဲပြောမှမနက်ဖြန်အားကြောင်းသတိရသည်။

"အဆင်မပြေလောက်ဘူးကိုဇွဲ"

လရိပ်၏စကားကြောင့်ဇွဲ၏မျက်နှာထက်၀ယ်၀မ်းနည်းမှုတို့ဟာအထင်းသား။

"ကိုယ်ကမနက်ဖြန်တစ်ရက်ကိုမိုးနဲ့တူတူကုန်ဆုံးချင်လို့ပါ"

"တောင်းပန်ပါတယ်ကိုဇွဲ ဒါပေမယ့်လရိပ် အဲ .... ကျွန်မတကယ်အဆင်မပြေလို့ပါ"

ဇွဲဟာ 'လရိပ်' ဟုသုံးနှုန်းလိုက်သည်ကိုပင်သတိထားမိဟန်နှင့်မတူ။

"မနက်ဖြန်ကိုယ့်မွေးနေ့မို့ပါ ကျေးဇူးပြုပြီးမရဘူးလားဟင်"

မွေးနေ့ ဟူသောအကြောင်းပြချက်ဟာသူနှင့်အတူလိုက်ရန်အတွက်ပြီးပြည့်စုံသောအကြောင်းပြချက်မဟုတ်။

"ကျေးဇူးပြုပြီးလိုက်ပေးပါမိုးရယ်"

"ကောင်းပါပြီကိုဇွဲရယ် လိုက်ပါ့မယ်"

သနားသဖြင့်လိုက်ရန်ဆုံးဖြတ်လိုက်သောလရိပ်ကြောင့်ဇွဲဟာအတော်ပျော်ရွှင်သွားဟန်။

"ဒါဆိုမနက်ဖြန်မနက် ၉ နာရီကိုယ်လာကြိုမယ်နော်"

"ဟင်!! ၉ နာရီ"
"မစောလွန်းဘူးလား"

"မစောပါဘူး ကိုယ့်ကိုသာအိမ်လိပ်စာပြောလိုက်"

အိမ်လိပ်စာပေးရန်လရိပ်တွန့်ဆုတ်မိသည်။သို့သော်လည်း

ရေစက်Where stories live. Discover now