ရေစက်(39)

703 52 2
                                    

"ဪ!! ၀လ္လာ"

"နန်းတို့ပါလား"

"လရိပ်နဲ့အဆင်ပြေသွားပြီလား"

'လရိပ်' ဟူသောစကားလုံးနာမ်စားကြောင့်၀လ္လာ၏မျက်နှာခေတ္တပျက်သွားသည်ကိုနန်းသတိထားမိသည်။သို့သော်နန်းရှေ့ရှိလူသားသည်မျက်နှာပြန်ထိန်းလိုက်ကာ

"သူနဲ့လား ပြတ်သွားကြပြီလေ"

'ပြတ်သွားကြပြီ' ဟူသောစကားကြောင့်သူသူတစ်ယောက်အင်မတန်အံ့သြသွားသည်။

"ဘယ်လိုဖြစ်တာတုန်း အဆင်ပြေသွားကြပြီထင်နေတာ"

"သူ့လိုသစ္စာမရှိတဲ့မိန်းမတစ်ယောက်နဲ့ဇာတ်လမ်းဖြတ်လိုက်တာအကောင်းဆုံးဖြစ်မယ်ထင်လို့ပါ"

"ဘာ!! သစ္စာမရှိတဲ့မိန်းမ!! "

သူသူတစ်ယောက်စိတ်ဆိုးမာန်စိုးဖြင့်​အော်လိုက်သော်ငြား၀လ္လာသည်ဘာမှမဖြစ်သယောင်ဆက်ကာပြောလာသည်။

"ပြီးတော့လိင်တူချင်းတွဲကာဘယ်လောက်ကြာရှည်ခံမှာမို့လို့လဲ"

ယခုစကားသည်အင်မတန်လွန်သွားသည်ဟုနန်းထင်မိသည်။

"ဒီစကားကတော့လွန်သွားပြီလို့မထင်ဘူးလားဌာနမှူးတိမ်၀လ္လာ"
"မတိမ်၀လ္လာဘယ်လောက်ဘဲလိင်တူချင်းတွေကိုမကြိုက်ရင်နေပါစေ သူတို့ကိုတော့မပြောသင့်ဘူးလေ ပြီးတော့ရှင့်အနေနဲ့မိုး .... "

"ကျွန်မနား .... "

"ကျွန်မစကားပြောနေတာဖြတ်မပြောနဲ့"

နန်း၏အော်ငေါက်လိုက်သောစကားကြောင့်၀လ္လာတိတ်ဆိတ်သွားသည်။

"ရှင်ကသူ့ကို့မိုးစန္ဒာလို့မြင်နေတာလေ အဲ့အစားသူ့ကိုလရိပ်ချိုလို့မြင်ကြည့်ပါလား"
"လရိပ်နဲ့ရှင်နဲ့လည်းတွေ့ဆုံဖူးတာသုံးခေါက်တောင်ပါ"

နန်း၏စကားအဆုံးတွင်၀လ္လာ၌ ပြောရန်စကားသည်ဗလာနတ္တိ။

"ကျွန်မ .... "

"ပြောလေ ဘာပြောမှာလဲ နားထောင်နေတယ်"

ပြောစရာစကားမရှိပါ။နန်းအားပြန်ပြောရန်စကားမရှိပါ။

"ဘာပဲဖြစ်ဖြစ်ပါလေ ကျွန်မတို့ကိုသွားခွင့်ပြုပါဦး"

နန်း သူသူ၏လက်ကိုဆွဲကာ ၀လ္လာ့အနားမှထွက်ခွါလာခဲ့ကြသည်။ယခုအချိန်တွင်လရိပ်ကိုရှာရန်အရေးကြီးပါသည်။
___________

ရေစက်Where stories live. Discover now