"အရေးပေါ်သွေးလိုတယ်"
"လူနာကဘာသွေးအမျိုးအစားလဲ"
"AB- ပါမဆုလင်းနွေ"
ကျစ်!!
"ငါကA+ သွေး"
"ကျွန်တော်က O- ရယ်"
"သူ့အတွက်ကျွန်မသွေးလှူမယ်"
အသံလာရာသို့ကြည့်လိုက်သောအခါ၀လ္လာ။
"ကျွန်မသွေးကလည်းတူတူပဲ သူ့ကိုကျွန်မသွေးလှူမယ်"
"ဟုတ်ကဲ့ ဒါဆိုသွေးသွင်းတဲ့နေရာကိုသွားကြပါစို့ဗျာ"
သွေးသွင်းဌာနသို့သွားသောလမ်းတစ်လျှောက်၀လ္လာ၏စိတ်အတွင်းရှိသည်မှာ
~သူမအဆင်ပြေပါစေ
____________"အခြေအနေကိုတော့စောင့်ကြည့်ရပါဦးမယ်"
"ကံသေကံမတော့ပြောလို့မရဘူးပေါ့ လောလောဆယ်တော့စောင့်ကြည့်လူနာဆောင်မှာထားရမှာပါ""မသေချာဘူးပေါ့"
"ဟုတ်ကဲ့ကိုဇွဲ ကံဆိုးရင်တော့က်ိုမာ၀င်တာတို့ အတိတ်မေ့တာတို့ဖြစ်နိုင်တယ်"
"ကံကောင်းရင်ကော
"သတိပြန်ရလာမှာပေါ့ဗျာ ကျွန်တော့်ကိုသွားခွင့်ပြုပါဦး"
"ဟုတ်ကဲ့ ဟုတ်ကဲ့"
မိမိ၏အလုပ်ကိုင်ကိုမေ့လျော့စွာမေးမြန်းနေကြသောဆရာ၀န်တစ်သိုက်ပါလေ။
"၀လ္လာ နင်အဆင်ပြေရဲ့လား"
"သူ!! သူအဆင်ပြေပါ့မလားဟင်"
"သူသတိမရတော့ရင်ဘယ်လိုလုပ်မလဲ""၀လ္လာ စိတ်ထိန်းဦးလေဟာ"
"ငါသူ့ကိုတွေ့ချင်တယ် ဆုလင်းငါ့ကိုကူညီပါဟာ ငါသူ့ကိုတွေ့ချင်တယ်"
"၀လ္လာ!! "
"စိတ်ထိန်းလို့ငါပြောနေတယ်လေဟာ""ဟမ်!! အမ်!! "
"အခုထက်ထိကတော့စောင့်ကြည့်ရဦးမှာလေ နင်လည်းဆရာ၀န်ပဲဟာ နားလည်ရမယ်လေ"
"အင်းအင်း"
ဟူးး
"နင်သူ့ကိုချစ်နေပြီ၀လ္လာ"
"မဟုတ်ပါဘူးဟာ"
၀လ္လာ၏နှလုံးသားလေးသည်မသိလိုက်သည့်အချိန်အတွင်း၌ 'လရိပ်' ဟူသောနွံကလေးအတွင်းနစ်နေခဲ့သည်လေ။
___________
YOU ARE READING
ရေစက်
Random"လမင်းလေးရဲ့အနားကတိမ်စိုင်လေးဖြစ်ခွင့်ပြုပါ" {သေဆုံးသွားတဲ့လူတစ်ယောက်ရဲ့၀ိဉာဥ်ဟာအခြားခန္တာကိုယ်မှာနေထိုင်ရင်းဖြစ်ပေါ်လာတဲ့အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ။}