ရေစက်(33)

822 60 2
                                    

ရွှတ်

"ဟာ မမ"

"အသည်းယားလို့"

"အသည်းယားလို့ဆိုပြီးအသားယူနေတာများနေတယ်လို့မထင်ဘူးလား"

"မထင်ပါဘူး နည်းတောင်နည်းနေသေးသလိုပဲ"

ရွှတ်

ပြောရင်းနောက်တစ်ကြိမ်ထပ်မံနမ်းလာသော၀လ္လာကြောင့်လရိပ် ၏မျက်နှာတစ်ခုလုံးနီရဲနေလေပြီ။

"တော်တော်အသားယူတယ်"

ပွစိပွစိဖြင့်ပြောနေသောလရိပ်ကို၀လ္လာတစ်ယောက်ပြုံးစိစိဖြင့်သာကြည့်နေတော့သည်။

"မကြည့်နဲ့တော့ စားစရာရှိတာစား"

"စားစရာဆိုရင်မစားဖူးတာတစ်ခုပဲကျန်တယ်"

"ဟုတ်လား ဘာကျန်သေးတာလဲမမရဲ့"

ဟင်းပန်းကန်များကိုကြည့်ရင်းလရိပ်မေးမိသည်။

"ကိုယ့်ရှေ့ကကောင်မလေးကို"

"အို .... "

ဒါဟာလရိပ်ရှက်သည့်ပုံသဏ္ဍာန်တဲ့လား။

"ဟေ့ အဲ့လောက်မရှက်ပြနဲ့လေ ချစ်စရာကောင်းတယ်"

ရှက်ပါသည်ဆိုမှထပ်မံကာပင်စနေသော၀လ္လာကြောင့်လရိပ်တစ်ယောက်ရှက်ပြီးရင်းရှက်နေရပါသည်။

"အဲ့လောက်ချစ်စရာကောင်းအောင်မနေပါနဲ့ဆို ၃၁ ဘုံမှာလရိပ်လောက်ချစ်ဖို့ကောင်းတဲ့သူမရှိတော့ဘူး"

"တော်ပြီကွာ ထပ်မပြောနဲ့တော့"

ရှက်ရှက်နှင့်ပြောရင်းအိပ်ခန်းအတွင်းသို့ပြေး၀င်သွားလေသည်။
_____________

လရိပ်နိုးလာသည့်အချိန်တွင်၀လ္လာအိပ်စက်နေလေသည်။ယနေ့တွင်လည်းတစ်ဖန်ပင်၀လ္လာ့၏နှုတ်ခမ်းများအားကြည့်မိသည်။

~လရိပ်ချို နင်ဘာတွေတွေးနေတာလဲ

မိမိကိုယ်ကိုချုပ်တည်းနေသော်ငြားမတတ်နိုင်စွာပါးတစ်ဖက်အားအကြင်နာဖွဖွ​ပေးမိသည်။ပါးကိုပေးတာတော့မနိုးလောက်ပါရဲ့။

"ချစ်တယ်ဆိုမှနမ်းလေ"

"ဟင်!! အိပ်နေတာမဟုတ်ဘူးလား"

ရေစက်Where stories live. Discover now