နိုးလာသည့်အချိန်၌ဦးစွာတွေ့လိုက်ရသည်မှာချစ်ရသူ၏ မျက်နှာကလေးပင်။အနည်းငယ်နာကျင်နေသော်ငြားချစ်ရသူပျော်ရွှင်နေသည်ကိုမြင်ရသည်မို့ထိုနာကျင်မှုအားခံစားရသည်မှာတန်ပါသည်။
၀လ္လာမနိုးသွားစေရန်ဖြေးဖြေးကလေးထကာအ၀တ်များအား၀တ်လိုက်သည်။၀လ္လာမှာတော့အ၀တ်များ၀တ်ထားလျက်။
အချိန်အားကြည့်လိုက်သောအခါ ၁၁ နာရီခွဲ။ညနေအချိန်ကအိပ်လိုက်သည်မို့ယခုကဲ့သို့နိုးလာခြင်းပင်။
မျက်လုံးများကြောင်ကာအိပ်မပျော်သည်မို့၀ရန်တာနားသို့သွားကာလမင်းကြီးအားကြည့်နေလိုက်သည်။
လမင်းကြီး၏နံဘေး၌တိမ်စိုင်ငယ်တစ်ခုသည်အဖော်ပြုပေးလျက်လမင်းကြီးအားပို၍လှပအောင်ပါရမီဖြည့်ပေးနေလေသည်။
"အမေ့ !!! ..... "
"ဘယ်တုန်းကထသွားတာလဲ"
ရုတ်တရက်လာဖက်သည်မို့လန့်ကာအော်မိသည်။
"ခုနကပါမမရဲ့ မမကကော"
"ခုနကခဏမှေးသွားတာ"
"အိပ်နေရင်းဖက်တော့လရိပ်မရှိတော့လို့ထလာတာ""လရိပ်မရှိလည်းအိပ်လို့ရတာပဲဟာ"
"ဟင့်အင်း အရင်ကပဲရတာ"
"အခုတော့လရိပ်မရှိရင်အိပ်လို့မရတော့ဘူး""တော်တော်လေးစွဲလမ်းစိတ်တွေများနေတယ်ပေါ့"
"ဒါပေါ့"
"တရားလေး ဘာလေးရှုပါတော့လား"
"သံသရာကလွတ်တာပေါ့""ဟင့်အင်းကွာ မမှတ်နိုင်သေးပါဘူး"
နောက်ကျောမှဖက်နေရာမှမျက်နှာချင်းဆိုင်သို့နေရာရွှေ့လာသော၀လ္လာ။
" လရိပ် ဆိုတဲ့နွံလှလှလေးထဲမှာနစ်နေတုန်းပဲ"
"ဘာမှလည်းမဆိုင်ဘူး"
"ဟောဒီကလူသားကိုယ်တိုင်ကဒီနွံလေးထဲမှာအနစ်ခံတာမို့အဆုံးထိနစ်မွန်းပါရစေ"
"မမရယ်"
"လရိပ်ချိုဆိုတဲ့လမင်းကြီးရဲ့အနားကတိမ်ငယ်လေးဖြစ်ခွင့်ပြုပါ"
"အနားမှာမဟုတ်ဘဲဖုံးလွှမ်းသွားရင်တောင်တိမ်၀လ္လာဆိုတဲ့မမမို့ကျေကျေနပ်နပ်ကြီးဖုံးလွှမ်းခံမှာပါ"
YOU ARE READING
ရေစက်
Random"လမင်းလေးရဲ့အနားကတိမ်စိုင်လေးဖြစ်ခွင့်ပြုပါ" {သေဆုံးသွားတဲ့လူတစ်ယောက်ရဲ့၀ိဉာဥ်ဟာအခြားခန္တာကိုယ်မှာနေထိုင်ရင်းဖြစ်ပေါ်လာတဲ့အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ။}