ရေစက်(3)

936 46 0
                                    

လရိပ်တစ်ယောက် ဈေးမှပြန်ရောက်သည်နှင့်ပစ္စည်းများကိုနေရာချလိုက်သည်။

~အရင်ဆုံးဧည့်ခန်းသန့်ရှင်းရေးလုပ်ရမယ်

ဧည့်ခန်းတစ်ခုလုံးကိုသန့်ရှင်းရေးလုပ်ပြီးနောက်ကျန်သည့်အခန်းကိုသန့်ရှင်းရေးလုပ်ရန်၀င်ကြည့်လိုက်သည်။

"ဟင်?? ဘုရားခန်းဘဲ"
အဟွတ် ... အဟွတ်

~ဖုန်တွေချည်းပဲ။

"အရှင်ဘုရား အရှင်ဘုရားကို   တပည့်တော်မ အဆင်ပြေအောင်နေရာထိုင်ခင်းပြင်ဆင်ပေးပါ့မယ်"

ဘုရားဆင်းတုတော်ကိုကြည့်ပြီးတစ်ယောက်တည်းပြောနေတဲ့လရိပ်ဟာ အရူးမလေးတစ်ယာက်အလား။

နေရာထိုင်ခင်းတို့ကိုပြင်ဆင်ပေးပြီးနောက်ရေမီးလဲပေးလိုက်သည်။

~ညကျမှဘုရားရှိခိုးတော့မယ်

တစ်အိမ်လုံးကိုသန့်ရှင်းရေးလုက်အပြီးတွင်လရိပ်၏ကိုယ်ခန္တာ၌
ဖုန်များဟာကပ်တွယ်လျက်။

ရေချိုးပြီးနောက်မနက်က၀ယ်လာသည့်၀တ်စုံများထဲမှမိုးပြာရောင်ထမီနှင့်အကျီကိုရွေးလိုက်သည်။
ခေါင်းလျှော်ထားသည်မို့ဆံပင်များကိုဖြန့်ကျက်ထားလိုက်သည်။

"ဒီလိုကျ မဆိုးပါဘူး"

ကိုယ်လုံးပေါ်မှန်တွင်မိမိ ပုံရိပ်ကိုကြည့်ရင်းပြောနေခြင်းသာ။

တီးတောင် ... တီးတောင် ...

~ဘယ်သူပါလိမ့်

လရိပ်တံခါးကိုဖွင့်ကြည့်လိုက်သည်။
ယောကျ်ားလေးတစ်ယောက်။အသက်ကလရိပ်နဲ့၅နှစ်ကျော်ကြီးမည့်ပုံစံ။

၀တ်စားထားပုံကထိုသူကိုလူကြီးလူကောင်းတစ်ယောက်ပုံပေါ်စေသည်။

ထိုသူဟာလရိပ်ကိုကြည့်ရင်း
"မိုးလေးဒီနေ့ကိုယ်လာမှာကြိုသိနေတာလား"

~ဘာလဲဟ!! လူကိုခေါ် တာ မိုးလေး တဲ့။

ထိုသူဟာမပြောမဆိုနဲ့အိမ်ထဲကို၀င်လာပြီးတစ်အိမ်လုံးကိုလိုက်ကြည့်နေသည်။
"ကိုယ်ပေးတဲ့အိမ်လေးတောင်မှမိုးလေးကြောင့်နေချင်စရာကောင်းသွားသလိုပဲ"

ရေစက်Where stories live. Discover now