နန်းထွက်သွားသည်ကိုလရိပ်၀မ်းနည်းရင်းဖြင့်သာကြည့်နေခဲ့ရသည်။
တစ်နေ့တာအတွက်ခွဲစိတ်မှုနှစ်ခုပြုလုပ်ပြီး၍အလုပ်ပြီးသွားသော်ငြားမပြန်သေးဘဲဆေးရုံမှာသာငိုင်ငိုင်ကလေးထိုင်နေမိသည်။"မိုး ဒီမှာဘာလုပ်နေတာလဲမိုးရဲ့"
အသံကြား၍တဖြေးဖြေးလှည့်ကြည့်လိုက်သောအခါတွေ့လိုက်ရသည်မှာကိုဇွဲလင်းပိုင်။
"တစ်ယောက်တည်းထိုင်နေတာတစ်ခုခုဖြစ်လို့လားမိုးရဲ့"
ကိုဇွဲ၏မေးခွန်းကိုမဖြေဘဲကြည့်နေဆဲရှုခင်းထံသို့သာအကြည့်များရောက်နေမိသည်။
"မိုးတစ်ခုခုဖြစ်လို့လားဟင်
ကိုယ့်ကိုပြော ကိုယ်ကူညီပေးမယ်"လက်ကိုကိုင်ကာပြောလာသည့်ကိုဇွဲ၏လက်ထံမှရုန်းလိုက်ကာ
"ဘာမှမဖြစ်ပါဘူးကိုဇွဲ အဆင်ပြေပါတယ်"
"တကယ်ကောအဆင်ပြေရဲ့လားမိုးရယ် ပြောသာပြောပါ ကိုယ့်ကိုအားမနာနဲ့"
'အဆင်ပြေပါတယ်' လို့ပြောနေတာတောင်မှ 'အဆင်ပြေရဲ့လား'
ဟုသာမေးမေးနေသောကိုဇွဲကိုလရိပ်စိတ်ရှုပ်လာမိသည်။"ဘာမှမဖြစ်ပါဘူး ဒီမှာတစ်ယောက်တည်းအေးအေးဆေးဆေးထိုင်ချင်လို့ပါ"
"သြော် .... "
"ဒါနဲ့မိုး ဒီနေ့သိပ်လှတယ်နော်"ကိုဇွဲ၏စကားကြောင့်လရိပ်၏အကြည့်များဟာကိုဇွဲထံသို့တစ်ဖန်ရောက်လာပြန်သည်။
"ကိုယ်ပြောချင်တာကအရင်ကလည်းလှပါတယ် ဒီနေ့ကျတော့ကွာ ဘယ်လိုပြောရမလဲ
ယဥ်တယ်"လက်ဖျောက်တီးကာဆိုလာသည်။
"ဟုတ်တယ်ယဥ်တာ ယဥ်ယဥ်ကလေးနဲ့လှတာ"
"ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်"
အသက်မပါသောလေသံဖြင့်သာပြောမိသည်။
"လ ... အဲလေကျွန်မတစ်ယောက်တည်းအေးဆေးနေချင်လို့ ... "
"သြော် ကိုယ်နားလည်ပြီ သွားလိုက်ပါဦးမယ်နော်"
ထိုသို့ပြောကာနေရာမှထသွားသည့်ကိုဇွဲကိုကြည့်ပြီးလရိပ်တွေးမိသည်။
YOU ARE READING
ရေစက်
Random"လမင်းလေးရဲ့အနားကတိမ်စိုင်လေးဖြစ်ခွင့်ပြုပါ" {သေဆုံးသွားတဲ့လူတစ်ယောက်ရဲ့၀ိဉာဥ်ဟာအခြားခန္တာကိုယ်မှာနေထိုင်ရင်းဖြစ်ပေါ်လာတဲ့အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ။}