🗡98🗡သူ?

467 51 0
                                    

Chapter (98)
သူ?

"စပြီလား?" လင်ရှောင်းရှောင်းက လုရွှမ်ရှေ့မှာ ပိတ်ဆို့ထားတဲ့ လက်ကို ချလိုက်ပြီး

"ငါဒီနေ့ ဒုတိယတန်း အဂ္ဂိရတ်ပညာရှင် အကဲဖြတ်မှုမှာ ပါဝင်ပြီး ယွမ်လိဆေးလုံးကို သန့်စင်ဖို့ စီစဉ်ထားတယ် နင်ပြိုင်ရဲရင် အတူလာသန့်စင်လေ...မပြိုင်ရဲရင်တော့ တိုက်ရိုက် ထွက်သွားလိုက်တော့...ဒါပေမဲ့ နင်ထွက်သွားရင်တော့ နင်ရှုံးတယ်လို့ သတ်မှတ်လိုက်မှာနော်"

ပြောပြီးတာနဲ့ စကားရပ်ပြီး အခန်းထဲကို တိုက်ရိုက် လျှောက်သွားတော့သည်။

"ဟားဟား ငါလည်း ယွမ်လိဆေးလုံးကို သန့်စင်မှာ... မင်းမလုပ်နိုင်ရင် ချက်ချင်းထွက်သွားလိုက်တော့...တတ်နိုင်သမျှ ဝေးလေကောင်းလေပဲ... လင်ရှောင်းရှောင်းလို မိန်းကလေးက မင်းချဥ်းကပ်လို့ရတဲ့ အရာမဟုတ်ဘူး!"

ရှောက်ချန်သည် လုရွှမ်ကိုကြည့်ကာ ဂုဏ်ယူစွာဖြင့် ဝင်သွားခဲ့သည်။

သူတို့နှစ်ယောက်၏ ထူးဆန်းသော သဘောထားကို မြင်လိုက်ရတော့ လုရွှမ်သည် ခဏလောက် စကားမပြောနိုင် ဖြစ်သွားသည်။

တတိယအဆင့် အဂ္ဂိရတ်ပညာရှင် အကဲဖြတ်မှုမှာ ပါဝင်ဖို့ သူ ဒီကိုလာခဲ့တာပါ။ သူတို့တွေကို သူမစော်ကားမိပါဘူး ဟုတ်တယ်မလား?

လုရွှမ်မေ့ပစ်လိုက်ပြီး ခေါင်းငုံ့ကာ အခန်းထဲသို့ အနီးကပ် လိုက်သွားသည်။

ယခင် အကဲဖြတ်မှု ကဲ့သို့ပင် ပင်မထိုင်ခုံပေါ်တွင် လူသုံးဦး ထိုင်နေကြပြီး အားလုံးမှာ မျက်လုံးများ တောက်ပြောင်လျက် ကြံ့ခိုင်သော ကျင့်ကြံထားမှုများ ရှိသည်။ ၎င်းတို့ အသီးသီးသည် ၎င်းတို့၏ ရင်ဘတ်ပေါ်တွင် အဂ္ဂိရတ်အမှတ်အသား တံဆိပ်များ တပ်ဆင်ထားကြပြီး အဆင့်များမှာ တတိယတန်း အဂ္ဂိရတ်ဆရာများ ​ဖြစ်ကြသည်။

အကဲဖြတ်မှု တစ်ခုစီသည် တစ်ချိန်တည်းတွင် အဆင့်တစ်ဆင့်မြင့်သော အဂ္ဂိရတ်ပညာရှင် အနည်းဆုံး သုံးဦးရှိရန် လိုအပ်သည်။

ခန်းမကြီးထဲတွင် လူခုနစ်ဦး သို့မဟုတ် ရှစ်ယောက် မတ်တပ်ရပ်နေကြပြီး ၎င်းတို့အားလုံးသည် အကဲဖြတ်မှုကို ဖြေဆိုသူမည့်များ ဖြစ်ကြ၏။ အားလုံးသည် အသက်အရွယ်အမျိုးမျိုးရှိကြပြီး အသက်အကြီးဆုံး သူများသည် အသက်၆၀ သို့မဟုတ် ၇၀ ကျော်ရှိကြပြီး လင်ရှောင်းရှောင်း သည် တစ်ဦးတည်းအသက်အရွယ်အရ အငယ်ဆုံး ဖြစ်သည်။

ပြန်မွေးဖွားလာသော ဧကရာဇ် (ဘာသာပြန်) book 1Where stories live. Discover now