🗡91🗡 ကျောင်းအုပ်ကြီးရောက်လာပြီ

532 57 0
                                    

Chapter (91)
ကျောင်းအုပ်ကြီးရောက်လာပြီ

"ပြင်းထန်စွမ်းအင် ကျင့်စဥ်နည်းလမ်း? အဲဒါကဘာလဲ?"

တစ်ဖက်မှ ဝူယွမ်သည် ဤနာမည်ကို တစ်ခါမျှ မကြားဖူးသေးသဖြင့် သံသယများ ပေါ်လာသည်။

"အဲဒါက...အကယ်ဒမီရဲ့ တားမြစ်ပိတ်ပင်မှု တစ်ခုပဲ! အသုံးပြုပြီးတာနဲ့ အချိန်တိုအတွင်းမှာ စွမ်းအင် နှစ်ဆတိုးလာပေမယ့်... လူတစ်ကိုယ်လုံးက အရူးတစ်ယောက်လို လူသတ်ချင်တာပဲ သိတဲ့အထိ ဖြစ်သွားလိမ့်မယ်...ဒါပေမဲ့ ကျင့်ကြံမှုက ချက်ချင်း ကျဆင်းသွားပြီး ကံမကောင်းရင် ထုံးရွှမ်နယ်ပယ်ကနေ ဖိရွှယ်နယ်ပယ်အထိ ကျဆင်းသွားနိုင်တယ်"

လျောက်ချင်းက တုန်လှုပ်စွာ ပြောသည်။

"အကယ်ဒမီမှာ... ဒီလိုနည်းလမ်း ရှိသေးတယ်လား" ဝူယွမ် အံ့အားသင့်သွားသည်။

အရူးလိုမျိုး သတ်ဖြတ်ဖို့ပဲ သိတာဆိုရင် မိစ္ဆာစိတ်ဝင်သွားတာနဲ့ မတူဘူးလား? အကယ်ဒမီမှာ ဘယ်လိုလုပ် ဒီလိုနည်းလမ်းမျိုး ရှိနေတာလဲ?

"အကယ်ဒမီကို တည်ထောင်ခဲ့တဲ့ ကျန်းဝူ ဘိုးဘေးက ဖန်တီးခဲ့တာလို့ ပြောကြတယ်.... အဲဒီအချိန်မှာ သူ ခက်ခဲတဲ့ အခြေအနေမှာ ရှိနေပုံပဲ ဒီလှည့်ကွက်ကို သုံးပြီး ကံကောင်းစွာနဲ့ လွတ်မြောက်လာခဲ့တယ်.... နောင်လာနောက်သားတွေကို မလေ့ကျင့်ဖို့ ရှင်းရှင်းလင်းလင်း အမိန့်ထုတ်ခဲ့တာ... ဒုကျောင်းအုပ်ချန်က မမျှော်လင့်ဘဲ လေ့ကျင့်ခဲ့ရုံတင်မကဘဲ ဒီမှာပါ ထုတ်သုံးလာပြီ..."

လျောက်ချင်းသည် မယုံနိုင်စွာ တံတွေး မျိုချလိုက်သည်။

"ခွန်အားက သိသိသာသာကို နှစ်ဆတိုးသွားတယ်ဆိုတော့ ဘာပြောပြော... ဒီလူငယ်ကို ချက်ချင်း သတ်ပစ်နိုင်မှာ မဟုတ်ဘူးလား?" ဝူယွမ် တုန်လှုပ်သွား၏။

ထိုလူငယ်သည် ဒုကျောင်းအုပ်ချန်၏ အကူအညီဖြင့် ကိုယ်ခံပညာ တစ်မျိုးမျိုးကို လေ့ကျင့်နေသော်လည်း သူသည် အပြင်းအထန် လှုပ်ရှားနေဆဲ။ ဆိုလိုသည်မှာ သူကိုယ်တိုင် တစ်ဖက်လူ၏ ပြိုင်ဘက်မဟုတ်သေးချေ။

ယခု ဒုကျောင်းအုပ်ချန်၏ ခွန်အားသည် နှစ်ဆတိုးလာသဖြင့် သူ့ကို သတ်ရန် လွယ်ကူသွားပြီ မဟုတ်လော။

ပြန်မွေးဖွားလာသော ဧကရာဇ် (ဘာသာပြန်) book 1Where stories live. Discover now