Chapter (38)
သခင်ငယ်လေးနားကြားမှားခဲ့သလို အိပ်မက်တစ်ခုလို့ ထင်ပြီး တစ်ညလုံး ရုန်းကန်ခဲ့ရပေမယ့် အခုတော့ အိပ်မက် မဟုတ်တော့ဘူး ဆိုတာ သိလိုက်ရသည်။
"ဆေးပင်တွေ ဝယ်ပြီးပြီလား"
ရှက်ကိုးရှက်ကန်းကို ထိန်းထားရင်း လုရွှမ်က မေးသည်။
"ဒီမှာအကုန်ရှိပြီ၊ ဘယ်လိုလုပ်ရမလဲ? အဂ္ဂိရတ်ပညာရှင် အဖွဲ့ထဲက တစ်ယောက်ယောက်ကို ဆေးလုံးအဖြစ် သန့်စင်ခိုင်းဖို့ လိုသေးလား?"
မုယန်ဖုန်း လှည့်ကြည့်လိုက်ပြီး အိတ်ကြီးတစ်လုံးကို ထုတ်လိုက်သည်။ ဖွင့်လိုက်သည်နှင့် သင်ပျံ့သော ဆေးအနံ့တွေ ထွက်ပေါ်လာသည်။
လုရွှမ်စာရင်းတွင် ရေးထားသော ဆေးဖက်ဝင်ပစ္စည်းများဖြစ်သည်။
"မလိုပါဘူး အဲဒီလူတွေကို လုပ်ခိုင်းလိုက်ရင် ဆေးပင်တွေကိုပဲ ဖြုန်းတီးရာ ရောက်လိမ့်မယ်"
လုရွှမ် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
အမှန်တိုင်း ပြောရရင် ဒီဆေးပင်တွေက ဈေးမကြီးပေမယ့် တစ်ဖက်သားရဲ့ အဆုတ်ကို ကုသပေးနိုင်သည်။ ဆေးသည် အလွန်အစွမ်းထက်သောကြောင့် မဟုတ်ဘဲ သန့်စင်ခြင်းနှင့် နည်းလမ်းကြောင့်ပင်။
အနည်းငယ် ပေါ့ဆလိုက်တာနဲ့ ဆေးပင်တွေ အသုံးမဝင်နိုင်တော့သလို လူလည်း သေသွားနိုင်သည်။
"ငါ ဒီဆေးပင်တွေကို အရင်သန့်စင်လိုက်မယ် ခဏစောင့်!"
ရွှေဝိညာဥ်ရေကန်၏ မြေအောက်နန်းတော်တွင် အဂ္ဂိရတ်ဆေးမီးဖို တစ်လုံးရှိသည်။ အလွန်သာမန်ဆန်သော်လည်း အသုံးပြုဖို့ရာ လုံလောက်ပေ၏။
လုရွှမ် မီးတောက်တစ်ခု ဖန်တီးလိုက်သည်။ ထို့နောက် အရွက်ဖြူမြက်ကို မီးဖိုထဲ ပစ်ထည့်လိုက်သည်။
ကျစ် ကျစ် ကျစ်.....
အရွက်ဖြူမြက်က မီးထဲတွင် နီရဲလာပြီး မည်းသွားတော့သည်။ အနက်ရောင် ပြောင်းခါနီးတွင် ပိုင်စွေ့ပန်းကို အထဲသို့ ထပ်ပစ်ထည့်လိုက်သည်။
ဒါဇင်ပေါင်းများစွာသော ဆေးပင်များသည် ပြေးလွှားနေသော တိမ်မျှင်များနှင့် စီးဆင်းနေသော ရေများကဲ့သို့ အဂ္ဂိရတ်မီးဖိုထဲသို့ စီးဆင်းသွားသည်။ အနည်းငယ်မျှ သွေဖည်မှု သို့မဟုတ် မှားယွင်းမှုမရှိ။